မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေး ကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင်ပြော

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် ပြဋ္ဌာန်းထားသော Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသော Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရန် အရေးကြီးကြောင်း၊ ဘုံသ ဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ အနေဖြင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

မြန်မာပြည်သူများကို အကူအညီပေးရေးအတွက် ထိုင်းနှင့် မြန်မာနိုင်ငံအကြားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ထိုင်း-မြန်မာအကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုဖွင့်ဖို့လည်း ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အရင် အတိတ်ကာလတွေမှာလည်း ဒီလိုလုပ်ခဲ့တာတွေရှိပါတယ်” ဟု Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ဆက်ပြောသည်။

ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရန် အတွက် အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းထားသော Burma Act ဥပဒေက အရေးကြီးသကဲသို့ နိုင်ငံ တကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး လုံလောက်သည့် ဖိအားနှင့် မက်လုံးများပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံတကာအရေးနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က “အမှန်တရားက ခွန် အားပါ။ ခွန်အားကတော့ အမှန်တရားမဟုတ်ပါဘူး” ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် Move Forward Party ပါတီ အမတ်နေရာ ၁၅၁ နေရာနှင့် လူထုထောက်ခံမှုဆန္ဒမဲ အများဆုံးရရှိထားသော ရွေး ကောက်ပွဲအနိုင် ရ ထိပ်ဆုံးပါတီလည်းဖြစ်သည်။

Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat သည် အမေရိကန်ဟားဗက်တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenratက ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် မဟာမိတ်ပါတီများနှင့်ပူးပေါင်း ၍ အစိုးရသစ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ် ပြန်ကြေ ညာသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s