ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် မိုခါ မုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွင်းပြီး မြောက်ယမား ချောင်းရေ မြင့်တက်ကာ ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။

“မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာလို့ မြောက်ယမားချောင်းရေတက်ပြီး ရေနစ်မြုပ်နေတာပါ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ ကျေးရွာ ၅ ရွာမှာ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ရွာသာ၊ ဂုဏ်တောနှင့် ရေကြည်ပင် တို့ဖြစ်ပြီး အလှူရှင်များ အနေဖြင့် ရေဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s