ကနီမြို့နယ်၊ မင်းမရွာ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါ အဝင် ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းမရွာ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ကနီမြို့နယ် လူထုသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

မေလ ၁၄ ရက် ၊ ၁၅ ရက်နေ့တွင် ကနီမြို့နယ်၊ မင်းမရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈ ဦးသေဆုံးပြီး ယင်းသေဆုံးစစ်သားအ လောင်းများကို မေလ ၁၅ ရက်နေ့ ညနေပိုင်း မုန်တိုင်းလွတ်မြောက်ပြီးနောက် မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၂ ရက်ဖြစ်တာ၊ မနေ့ကမှ စစ်ခွေးအလောင်းတွေကို မီးရှို့တယ်၊ ကနီမြို့နယ်ထဲကို စစ် ကြောင်း ထိုးဖို့ လွန်ခဲ့တဲ့ ၃ လလောက်က တည်းက အသေးစိတ်စုံစမ်းထောက်လှမ်းပြီးမှ ဝင် ရောက်ခဲ့ တာလို့ စစ်တပ် သတင်းရင်းမြစ်ဆီက သိရပါတယ်” ဟု ကနီမြို့နယ် လူထုသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

မေလ ၁၁ ရက်နေ့မှ စတင်ပြီး ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေ သော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ၅ ရက်အတွင်း အကြမ်းဖက်စစ်သား ၈၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦးကျဆုံးထားကြောင်း ကျောက်လုံးကြီး KLG တပ် မဟာခေါင်းဆောင်ထံမှ သိရသည်။

အကြမ်းဖက်စစ်တပ်မှ အင်အားများ ထပ်တိုးကာ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေပြီး အ ရေးပေါ် ကျည်၊ ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘ ပြည်သူများအနေဖြင့် ကျည်တစ်ထောင့်ဖိုးပဲဖြစ်ဖြစ် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ ခေါင်းဆောင်က မေတ္တာရပ်ခံထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s