ကနီ၊ တွင်းကုန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ မုံရွာ PDF စခန်း ၁ ခုကို စစ်တပ်က တိုက်ခိုက်ပြီး ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ လက်နက်ခဲယမ်းများ ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တွင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကနီမြို့နယ်၊ တွင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Night King အဖွဲ့၏ စခန်းကိုလည်း ဝင်ရောက် စီး နင်းခဲ့ပြီး လက် လုပ်သေနတ် ၂၁ လက်၊ လက်လုပ် RPG ၈ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လက်လုပ် စိန်ပြောင်း ဗုံးသီး ၂၃၅ လုံး၊ လက်လုပ် RPG ဗုံးသီး ၃ လုံး၊ လက်လုပ်အီနာဂါဗုံးသီး ၈ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ ယမ်းထုပ် ၆၅ ထုပ်၊ ယမ်းမဲ ၁ ပိဿာ၊ အမြန်ယမ်းကြိုး ၇ ခွေ၊ ပြောက်ကျားယူနီဖောင်း ၅၀ စုံ၊ တွင်ခုံ ၂ လုံး၊ သံဖြတ်စက် ၂ လုံး၊ သံဖောက်စက် ၃ လုံး စုစုပေါင်း ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဥ်တွင် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော်လည်း မုန် တိုင်းကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး ထွက်ပြေးနေရ​သည့် ပြည်သူများ ထိခိုက်မှု မဖြစ်ပွားစေရန် မိုင်းဆွဲ တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ပြည်သူပိုင် ပစ္စည်းတွေကိုလည်း မွှေနှောက် ဖျက်ဆီးပြီး ခိုးယူသွားတယ်။ Monywa Night King အဖွဲ့ စခန်းလည်း ဝင်စီးပြီး ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို လုယက် ယူဆောင်သွားတယ်” ဟု မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် Monywa Night King အဖွဲ့ အနေဖြင့် လက်နက်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်း ကူညီပံ့ပိုးပေးရန် ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s