ကော်ဘရာစစ်ကြောင်းထိန်းချုပ်ရာနေရာကို စစ်ကောင်စီတပ်နှင့် BGF တို့ ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်များကာ တပ်လှန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ကော်ဘရာစစ်ကြောင်း ထိန်းချုပ် ရာနေရာဖြစ်သည့် ကျောက်မိုင်းဒေသကို စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်များကာ တပ်လှန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလမှစတင်ကာ ကျောက်မိုင်းဒေသရှိ ကရင်နယ်ခြားစောင့်တပ်(BGF) စခန်းကုန်းတို့ကို KNU/KNLA, ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle တို့က စခန်းသိမ်း တိုက်ပွဲများပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့်ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အပြင်း အထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မေလ ၁၁ ရက်နေ့မှစတင်ပြီး မေလ ၁၃ ရက်နေ့အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတစ်ဦးကျဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

“တိုက်ပွဲက ပြင်းထန်တယ်လို့ပြောလို့ရတယ်။ အခုထိုးနေတာ စစ်ကြောင်းများတယ်။ လက်နက်ကြီးက နေ့တိုင်းလိုပစ်နေတာ နေရာစုံပဲ။ လေ ကြောင်းကတော့ ပြောစရာကိုမလိုတာ အားလုံးသိတဲ့အတိုင်းပဲ သူတို့အထိနာလေ လေကြောင်းပစ်ကူက သုံးလေပဲ”ဟု စစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းမှူး မိုင်းထိကာသေဆုံးသွားကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။

စစ်ရေးအရေးနိမ့်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် စွယ်တော်ကုန်း(ခွေးကုန်း)၊ လက်ခတ်တောင်၊ ကြက် ကင်ကုန်း၊ မေတ္တာလင်းမြိုင်နှင့် ခလရ (၂၇၅)တို့မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးကျည်များဖြင့် နေ့စဉ် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ကျောက်မိုင်းဒေသတွင် စစ်ကောင်စီ၏ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ ကရင်နယ်ခြားစောင့်တပ် (BGF) (၁၀၁၉) တပ်ရင်းတို့နှင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s