ခင်ဦးတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို စစ် ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်​ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ မုန်တိုင်းပြီးသည့်တိုင် ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အ ကူအညီများလိုအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ မုန်တိုင်းပြီးသည့်တိုင် ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အကူအညီများလိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ခင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အနောက်ဘက်ရှိ ကျေးရွာများဖြစ်သည့် ကဘွက်ကျေးရွာ၊ ကုတ္တက်ကျေးရွာ၊ ရုံးပင်ကျေးရွာ၊ သင်ပေါင်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ တောင်ဘို့ရေ ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ မေလ ၇ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင် နေရကြောင်းသိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ ကဘွတ်ကျေးရွာတွင် ၁၅၀ အိမ်၊ ကုတ္တက်ကျေးရွာတွင် ၃၀အိမ်၊ ရုံးပင် ကျေးရွာတွင် ၂၄အိမ်၊ သင်ပေါင်းကျေးရွာတွင် ၁၂အိမ် ၊ သရက်ကုန်း ကျေးရွာတွင် ၁၂အိမ် ၊ တောင်ဘို့ရေကျေးရွာတွင် ၂အိမ် တို့ ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒေသပြည်သူများမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရစဉ် မုန်တိုင်းနှင့် ကြုံရခြင်းဖြစ်ပြီး နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေဆဲဖြစ်ကြောင်း၊ နေစရာလည်း အခက်တွေ့နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြား ရေးထံမှ သိရှိရသည်။

“ဒေသခံ ၂၀၀၀ ကျော်တော့ နေရပ်မပြန်ရသေးပါဘူး။ အိမ်တွေ မီးရှို့ခံရတော့ နေစရာမရှိတော့လို့ရယ် မုန်တိုင်းငြိမ်တဲ့အထိ စောင့်နေရလို့ပါ။ အစစအရာရာ အဆင်မပြေသေးပါဘူး” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ခင်ဦးမြို့နယ်အတွင်းတွင် မုန်တိုင်းကြောင့် မေလ ၁၄ ရက်နေ့တွင် မိုးသက်လေပြင်းများကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ဂျပို့ ၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ ၊ သရက်ကုန်း၊ ကင်းပြစ် ၊တဲစု၊ မြစ်တော်၊ မုံလှ၊ သာဝတ္ထိ၊ ကျွန်းတောကြီး၊ ဥယျဥ်၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ အင်းပတ်၊ ချမ်းသာကုန်း ၊ညောင်ပင်ခြံ ၊ဆည်ကြီး၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ အောင်သာ၊ အင်းပေါက်၊ သဲကုန်းကြီး၊ ကျီးအိုင် ၊မုံတော၊ ဒါန်းကုန်း၊ မှန်သာ၊ ကျွန်းစွယ်၊ ကျွန်းလည်၊ သိမ်တော်၊ မှန်သာလေး၊ ညောင်ပင်ကြီးစု၊ ရုံးစု၊ မူးသာ၊ ရွာသစ်၊ သက်ပေး၊ တာတိုင်၊ လက်ပံကွက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ သာဂရ၊ မြို့သစ် စသည့် ကျေးရွာများမှ ပဲ နှမ်း ငရုတ် စိုက်ခင်းများအပြင် ဂန္ဓမာပန်း စိုက်ခင်းများလည်း ပျက်စီးခဲ့ပြီး စိုက်ဧက ၁၀၀၀၀ ကျော် ‌ရေနစ်ပျက်စီးခဲ့ရကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s