စစ်တွေ၌ အုတ်တံတိုင်းပြိုကျကာ အရာရှိ ၁ ဦးနှင့် စစ်သား ၂ ဦးသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မေလ ၁၄ ရက်နေ့က ကူညီကယ်ဆယ်ရေးလုပ်နေစဉ် အုတ်တံတိုင်း ပြိုကျကာ အရာရှိ ၁ ဦးနှင့် စစ်သားနှစ်ဦး သေ ဆုံးသည်ဟု စစ်ကောင်စီက ယနေ့တွင် နိုင်ငံပိုင် သတင်းများမှတဆင့် ထုတ်ပြန်သည်။ သေဆုံးသူများမှာ နယ်မြေခံတပ်ရင်းမှဖြစ်သည်ဟု ဆို သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါမှာ ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း၌ စစ်တွေမြို့အနီးမှ နေ ၍ တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မိုခါ မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သော စစ်တွေမြို့အပါဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်လက်ထွက်ပေါ်နေသည်။

စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မုန်တိုင်းကြောင့် သေဆုံးသူ ရာချီရှိသည်ဆိုသော ကနဦးသတင်းများ ထွက်ပေါ်နေသည်။ ထို့အတွင် ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ ၌ ဒေသခံများခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှုကြောင့် သေဆုံးသူ ၁၄ ဦးရှိသည်ဟု လွှတ်တော်အမတ် ဟောင်း ဒေါ်ခင်စောဝေက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကမူ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိကြောင်း ယ မန်နေ့တွင် ထုတ်ပြန်သည်။ စုစုပေါင်း လူနေအိမ် ၈၆၄ ဦး၊ သာသနိက အဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာ သင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ ဆေး ခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီး တိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက် အအုံ ၃၈ ခု ပျက်စီးသည်ဟုဆိုသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s