ထီးလင်းတွင် မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၆၀၀ ကျော်နေထိုင်သည့် စစ်ရှောင်စခန်း တစ်ခုလုံး ရေထဲမျောပါ ပျက်စီး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၆၀၀ ကျော်နေထိုင်သည့် စစ်ရှောင်စခန်း တစ်ခုလုံး ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မေလ ၁၄ စတင်ဝင်ရောက်ခဲ့တိုက်ခိုက်ခဲ့သော မိုခါမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထီးလင်းမြို့နယ်၊ ထန်းပင်လေးကျေးရွာမှ စစ်ဘေးရှောင် မိသားစု ၁၂၀ ခန့်၊ လူဦး ၆၀၀ ခန့်ရှိ သော ယာယီတဲများနှင့် အတွင်းပစ္စည်းများအားလုံး ရေမြုပ်မျောပါ ဆုံးရှုံးခဲ့ကြောင်း၊ ဆန်၊ စပါး၊ မြေပဲ၊ နှမ်း၊ ၁၀၀ ဝန်းကျင်ခန့်၊ စားဆီ ပိဿာ ၁၀၀ ဝန်းကျင်ခန့် ရေထဲမျောပါခဲ့ပြီး ကျွဲနွား အကောင် ၃၀ ခန့်သေဆုံး ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေရန် ကြောက်လို့ တချို့လူတွေဆိုရင် ရွှေထည်ပစ္စည်းတွေ မြေကြီးထဲ တူးမြှုပ်ထားတာ၊ ကွင်း ပြင်ကြီးတစ်ခုလုံး ရေလွှမ်းသွားတာဆိုတော့ ရှိသမျှပစ္စည်းကုန်တာပဲ၊ ဒီနေ့တော့ မိုးက ရပ်သွားပြီ ရေက နည်းနည်းချင်းကျပေမယ့်လမ်းတွေပြိုပြီး ပိတ်နေတော့ ကျေးရွာအ ချင်း ချင်း အကူအညီတွေလဲ မပေးနိုင် သေးဘူး၊ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထီးလင်းမြို့နယ်အတွင်း၌ မောချောင်း၊ သံသေချောင်းနှစ်ချောင်းရှိပြီး အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက် ဆီးမှုကြောင့် ပြာကျခဲ့ရသော ထန်းပင်ကုန်းရွာလေးရွာမှ မိသားစုများမှ ကျေးရွာအတွင်း မနေထိုင်ရဲ သဖြင့် မောချောင်းနှင့် ထန်းပင်ကုန်းလေးရွာကြားရှိ ဒေသအခေါ် အိုင်းမကွင်း ပြင်၌ ရွှေ့ပြောင်းကာ ယာ ယီတဲထိုးနေထိုင်ကြစဉ် မိုခါမုန်တိုင်းကြောင့် မောချောင်းရေတက်လာပြီး စခန်းတစ်ခုလုံး ရေလွှမ်းမိုး သွားခြင်းဖြစ် ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် ထီးလင်းမြို့နယ်အတွင်း၌ ရွာပေါင်း ၉၆ ရွာ ထိခိုက်ပျက်စီးခဲ့ရပြီး တံတား ၇ စင်း ကျိုးပဲ့ ပက်စီးကာ အကျယ် ၈ ပေ၊ အ လျား ပေ ၄၅၀ အရှည်ရှိသော ကြိုးတံတား တစ်စင်းအပါအဝင် တံတား ၃ စင်းအကြီးစားပျက်စီးခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုအများဆုံးကျေး ရွာများမှာ မောချောင်း သံသေချောင်း ၂ ချောင်းအနီးရှိ ကျေးရွာများဖြစ်ကြောင်း သိရသည်။

ထီးလင်းမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က ဖုန်း၊ အင်တာနက်လိုင်းများဖြတ်တောက်ခံထားပြီး စစ်တပ်ရှို့သော မီးဘေးသင့်ပြည်သူ များမှာ ယခုအခါမိုခါမုန်တိုင်ဘေးဒဏ်ပါခံစားနေရသဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် YRA ထီးလင်းတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s