ပေါင်းတည်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်၊ ရေတာရှည်တွင် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ ကျောက် တံခါးကျေးရွာအုပ်စု၊ ရုပ်ဆိုင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်‌သားများ ကင်းပတ်ထွက်လာစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ထိမှန်လဲကျသွားပြီ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၂ ရက် ည ၈ နာရီခန့်က ရုပ်ဆိုင်ရွာ၌ အပြင်ဘက်သို့ ကင်းပတ်ထွက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကျည် ၁၀၀ ကျော် အသုံးပြုပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အ ကြမ်းဖက်စစ်သား ၄ ဦး လဲကျ သွား သည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး သေဆုံးသွားခြင်းရှိ၊ မရှိကို အတည်ပြုစုံစမ်းနေကြောင်း သိရည်။

အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF ( ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂) Tiger စစ်ကြောင်းက နှစ်ဖွဲခွဲ၍ ကြားညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းဘက်မှ လက် နက်ကြီးများဖြင့် ပစ်ကူလာ သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျောက်ပုံကျေးရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မောင်အေးစိုးမင်း (ခ) ဖိုးသာထူးကို ပစ်ခတ်တိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပ.က.ဖ အဖွဲ့ထံမှ သိရသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ကျောက်ပုံကျေးရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ အေးစိုးမင်း (ခ) ဖိုးသာထူးကို ရေတာရှည်မြို့နယ် ပ.က.ဖ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အေးစိုးမင်းသည် အကြိမ်ကြိမ် သတိပေးတားမြစ်ထားသော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိလဲ စစ်ဘေးရှောင် ပြည်သူ များ၏ နေရပ်ဇာတိတွက် ကျန်ရှိခဲ့သည့် ပစ္စည်းများကို ခိုးယူရောင်းစားခြင်း၊ စစ်ကောင်စီ၏ ထောက်တိုင် ဒလန်များနှင့် ပူးပေါင်းဆက်သွယ်လှုပ်ရှားခြင်း၊ တပ်ရင်းတပ်ဖွဲ့ပိုင် စားနပ်ရိက္ခာများကို ခိုးယူရောင်းစားခြင်း၊ ကိုယ်ကျင့်သီလတရားများအား ဖောက်ဖျက် ကျူးလွန်ခြင်းများကို စစ်ဆေးတွေ့ရှိသောကြောင့် ရှင်းလင်းခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s