မိုခါမုန်တိုင်းကြောင့် ရသေ့တောင်၊ ဒုံးပိုက်ရွာ၌ သေဆုံး ၁၄ ဦးရှိဓမ္မာရုံအတွင်းခိုလှုံနေစဉ် ပြိုကျကာသေဆုံးခဲ့ခြင်းဖြစ်သည်မုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှုများ ဆက်တိုက်ထွက်ပေါ်လာ

ရခိုင်ကမ်းရိုးတန်းမှနေ၍ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖြတ်ကျော်ခဲ့သည့် ပြင်းထန်သော ဆိုင်ကလုန်းမုန် တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်ထွက်ပေါ်လာရာ ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရွာတွင် သေဆုံးသူ ၁၄ ဦးရှိသည်ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ (မေ ၁၆) နံနက်ပိုင်းတွင် ပြောသည်။
မောင်တော – အငူမော်ကားလမ်းဘေးရှိ ဒုံးပိုက်ရွာမှ ဒေသခံများမှာ မုန်တိုင်းအန္တရာယ်မှ ကင်းလွတ်ရေး ခေတ္တခိုလှုံနေသည့် ဓမ္မာရုံပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၁၄ ဦးတွင် ၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီး ၉ ဦးပါသည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဟောင်းက ဆိုသည်။
“သူတို့က ဓမ္မာရုံမှာ လာခုံခိုနေကြတဲ့အချိန်မှာ ဓမ္မာရုံကြီးပြိုကျတဲ့အတွက် သေတာလို့တော့ သိရပါတယ်။ တိတိကျကျ ဆက်သွယ်လို့မရသေးတဲ့အတွက် ဘယ်သူတွေ ဘယ်ဝါတွေဆိုတာတော့ မသိရသေးဘူး” ဟု ဒေါ်ခင်စောဝေက ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ မှဓမ္မာရုံပြိုကျစဉ် ခိုလှုံနေသူအရေအ တွက်နှင့် အခြား ထိခိုက်ဒဏ်ရာရသူများ ရှိမရှိ မသိရသေးပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် ပျက်စီးမှုများရှိနေပြီး ရသေ့တောင်တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် ပျက်စီးမှု ၉၀ ၉၀ ရာခိုင် နှုန်းအထက်ရှိသည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရ ကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
တိုက်ဖွန်းမုန်တိုင်းများအကြောင်း သတိပေးစင်တာ Joint Typhoon Warning Center အဆိုအရ အလွန့်အ လွန်ပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းးသည် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှစ်ခုကြားမှနေ၍ စစ်တွေမြို့ကို ဗဟိုပြု၍ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော် ဖြင့် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
မိုခါမုန်တိုင်းဗဟိုချက်တွင် ကျရောက်ခဲ့သော စစ်တွေမြို့အပါဝင် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်အများ စုတွင် အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်လက်ထွက်ပေါ်နေ သည်။ စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မုန်တိုင်းကြောင့် သေဆုံးသူ ရာချီရှိသည်ဆို သော ကနဦးသတင်းများလည်းထွက်ပေါ်နေသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိကြောင်း စုစုပေါင်း လူနေအိမ် ၈၆၄ ဦး၊ သာသနိက အ ဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ ဆေး ခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီး တိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အအုံ ၃၈ ခု ပျက်စီးသည်ဟု အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ တွင် ထုတ်ပြန် သည်။ myanmar now