မိုခါမုန်တိုင်းကြောင့် မီဇိုရမ်ရောက် မတူပီစစ်ဘေးရှောင်များနေထိုင်သည့် Thai Zawl စ ခန်း ပျက်စီးမှု များပြား

မိုခါမုန်တိုင်း၏အရှိန်ကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၌ မတူပီမြို့မှစစ်ဘေးရှောင် လာကြသူ အများအပြားနေထိုင်သည့် Thai Zawl စစ်ဘေးရှောင်စခန်းတွင် ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။

မုန်တိုင်း၏အရှိန်ကြောင့် လေပြင်းများတိုက်ခတ်၍ မီဇိုရမ်ပြည်နယ်အတွင်းရှိ Thai Zawl စစ်ရှောင်စခန်း မှ နေအိမ် အလုံး ၇၀ ကျော် ပျက်စီးခဲ့သည်ဟု စစ်ရှောင်စခန်းမှ ဆရာအောင်ကပြောသည်။

“လောလောဆယ်တော့ ကူညီထောက်ပံ့တာတွေမရှိဘူး။ တခြားအဖွဲ့အစည်းတွေလည်းမရှိတော့ ကိုယ် ထူကိုယ်ထနဲ့ ပျက်စီးနေတဲ့အိမ်တွေကို ကူဆောက်ပေးနေတဲ့ အနေအထားပဲရှိပါတယ်။ ပြီးတော့ လော လောဆယ် ဆယ်တန်းကလေးတွေ စာမေးပွဲဖြေနေကြတယ်။ အဆင်ပြေသလို အဆောင်တွေမှာဖြေနေ ကြရတာ။ ကျောင်းထဲမှာတော့ လုံးဝအဆင်မပြေဘူး။ ကျောင်းတွေ အမိုးလန်ပျက်စီးနေတယ်။ ဘုရား ကျောင်းတွေလည်း ပျက်စီးတဲ့အထဲပါသွားတယ်” ဟု ၎င်းကဆိုသည်။

မတူပီမြို့နယ်ရှိ ကျေးရွာကိုးရွာမှပြောင်းရွှေ့ခိုလှုံလာသည့် ယခုစခန်းတွင် နေအိမ် ၁၈၃ လုံး၊ လူဦးရေ ၈၀၄ ဦး နေထိုင်လျက်ရှိသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်းမှ Thai Zawl စစ်ရှောင်စခန်းရှိစာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် ပညာသင်ကြားနေကြကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s