“မိုခါ”မုန်တိုင်းကြောင့် မင်းတပ်မြို့နယ် မအောင်းရွာတွင် လူနေအိမ် ၁၄လုံးနှင့် စပါးကျီ ၉ လုံး ထိခိုက်ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်မြို့နယ်၊ မအောင်းရွာတွင် မိုခါမုန်တိုင်းကြောင့် ဒေသခံလူနေအိမ် ၁၄လုံးနှင့် စပါးကျီကိုးလုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၄ရက်နေ့မှစ၍ ချင်းပြည်နယ်တွင် တိုက်ခတ်လာသော ဆိုင်ကလုန်း မုန်တိုင်း (MOCHA) ကြောင့် မင်းတပ်မြို့နယ်ထဲမှ ကျေးရွာအချို့ထိခိုက်ပျက်စီးခဲ့ပြီး ကံကောင်းစွာဖြင့် မုန်တိုင်းကြောင့်သေဆုံးသူမရှိ ဟုလည်း ကနဦးသိရှိထားရပါသည်ဟု Mindat Township IDPs Camp Management Committee မှ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် တိုက်နယ် (၁၀)ရှိ မအောင်းရွာတွင် အခြေခံပညာစာသင်ကျောင်း နှင့် ဝန်ထမ်းအိမ်ရာများ၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနှင့် ဓမ္မအမှုတော်ဆောင် ဆရာများ၏နေအိမ်များအပါအဝင် ဒေသခံလူနေအိမ် ၁၄ လုံးပျက်စီးသွားပြီး စပါးကျီ ကိုးလုံးလည်း အမိုး အကာများ ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံ Ko HKL (မင်းတပ်) ထံမှ သိရသည်။

“စကစရဲ့ ဖြတ်လေးဖြတ်ကြောင့် မုန်တိုင်းရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုက အားနည်းပါတယ် ။ ဒါကြောင့်မုန်တိုင်း မဖြစ်ခင်ကူညီမှာက မရတော့ပါဘူး။ မုန်တိုင်းဖြတ်ပြီးနောက်ဆက်တွဲကိုပဲ ကူညီလို့ရမှာပါ။ အခုလိုပျက်စီးဆုံးရှုံးမှုတွေအတွက် တတ်နိုင်သလောက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။” ဟု Mindat IDP မှ အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ကဆိုသည်။

ယခုရရှိထားသော စာရင်းသည် မင်းတပ်မြို့နယ်ရှိ မအောင်းရွာတစ်ရွာတည်းမှ ပျက်စီးဆုံးရှုံးမှုစာရင်းဖြစ်ပြီး လက်ရှိမြေပြင်တွင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုစာရင်း များနိုင်ကြောင်းသိရသည်။

ထို့အပြင် မင်းတပ်မြို့နယ် တိုက်နယ် (၁၃) အတွင်းရှိ ကျေးရွာများတွင်လည်း မိုခါမုန်တိုင်းကြောင့် အပျက်အစီးများရှိခဲ့ပြီး အသေးစိတ်အ ခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Mindat IDP ကော်မတီအနေဖြင့် မုန်တိုင်းဒဏ်ခံစားရသော ကျေးရွာများထံ ကွင်းဆင်းလေ့လာပြီး အကူအညီအထောက်အပံ့များရရှိရေးအ တွက်ကြိုးစားသွားပါမည်ဖြစ်ကြောင်း ၊ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုပါက ၎င်းတို့အဖွဲ့ကို ဆက်သွယ်နိုင်ကြောင်း အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးက ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s