မိုခါ မုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်တွင် ပြည်သူ ၁၅ ဦးသေဆုံးကြောင်း ကနဦးသိရ၊ မြို့နယ် တစ်ခုလုံး ၉၅ ရာခိုင်နှုန်း ပျက်စီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မိုခါ မုန်တိုင်းဒဏ်ကြောင့် ပြည်သူ ၁၅ ဦးသေဆုံး​ ကြောင်း ကနဦးသိရသည်ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ဒုံးပိုက်ကျေးရွာ မှ ပြည်သူ ၁၃ ဦးနှင့် မြင်းကန်းချောင်းရွာမှ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရသေ့တောင်မြို့နယ် အတွင်း မုန်တိုင်း ဒဏ်ကြောင့် ၉၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးမှု ရှိကြောင်း သိရသည်။

ဒုံးပိုက်ကျေးရွာ သေဆုံးသူ ၁၃ ဦးမှာ အသက် ၇၆ နှစ်အရွယ် ဒေါ် လှသိန်းယဉ်၊ အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်သန်းမြ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဆန်းဦး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်လှရွှေသိန်း၊ အသက် ၄၅ နှစ်အရွယ် ဒေါ်နွဲ့လှိုင်ဦး၊ အသက် ၆၅ နှစ်အရွယ် ဦးကျော်ထွန်း၊ အသက် ၆၈ နှစ်အရွယ် ဦးမောင်ကျော်အောင်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်မြရီ၊ အသက် ၆၈ နှစ်အရွယ် ဒေါ်စိုးတင်ရီ၊ အသက် ၈၂ နှစ်အရွယ် ဦးမောင်စောညွှန့်၊ အသက် ၆၂ နှစ်အရွယ် ဒေါ်မခင်မြင့်၊ အသက် ၇ နှစ် အရွယ် မခင်သဇင်ထွန်း၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မချစ် တို့ဖြစ် ကြောင်း၊ ထို့ပြင် မြင်းကန်းချောင်းရွာမှ သားအမိ ၂ ဦးလည်း သေဆုံးခဲ့ကာ အမည်မသိရသေးကြောင်း သိရသည်။

” ရသေ့တောင် တစ်မြို့နယ်လုံး ပျက်စီးမှုက ၉၅ ရာခိုင်နှုန်းရှိတယ်။ လောလောဆယ် အတည်ပြုနိုင်တာ ပြည်သူ ၁၅ ဦးသေဆုံးတယ်လို့ပဲ အတည်ပြုနိုင်သေးတယ်။ ရသေ့တောင်မှာလည်း အကုန်နီးပါးကို ပျက်စီးကုန်တာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s