မုန်တိုင်းကြောင့် ၃ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရဟု စစ်ကောင်စီထုတ်ပြန်မုန်တိုင်းဖြတ်ကျော်ပြီး အစိမ်းရောင်အဆင့်ဟု မိုးဇလကြေညာ

ယမန်နေ့ (မေ ၁၄) မွန်းလွဲပိုင်း၌ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင် ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန် သည်။
ထိခိုက်သေဆုံးမှုများအနက် မိုခါမုန်တိင်း ကုန်းတွင်းပိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟိုချက် ကျရောက်ခဲ့ရာ ရခိုင်ပြည်နယ်၌ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရ ၁၃ ဦးရှိပြီး ကျန်သေဆုံးသူတစ်ဦးမှာ ဧရာဝတီတိုင်းမှဖြစ်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။
တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်ကျေးရွာများတွင် စုစုပေါင်း လူနေအိမ် ၈၆၄ ဦး၊ သာသနိက အ ဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ ဆေး ခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက် အအုံ ၃၈ ခု ပျက်စီးသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၌ ရပ်ကွက် နှင့် ကျေးရွာ ၁၈၅ ခုတွင် လူနေအိမ် ၅၈၈ လုံး၊ စာသင်ကျောင်း ၂၅ ခု၊ ဆေးရုံဆေးခန်း ၉ လုံး၊ ဈေး ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ ဌာနဆိုင်ရာအဆောက်အအုံ ၂၆ လုံးနှင့် အခြားပျက်စီးမှု ၁၈၁ ခုပျက်စီးသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
မိုခါမုန်တိုင်းမှာ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် မုန်တိုင်းငယ် အဖြစ် အားလျော့သွားပြီဖြစ်ကာ မြန် မာနိုင်ငံကို ဖြတ်ကျော်ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့် သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက် ၁၁ နာရီတွင် ထုတ်ပြန်သည်။
အလွန့်အလွန်ပြင်းထန်သည့် မိုခါဆိုင်ကလုန်းသည် မူလခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်သော လေ ပြင်းများဖြင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှစ်ခုကြားမှနေ၍ စစ်တွေမြို့ကို ဗဟိုပြု၍ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ဖွန်းမုန်တိုင်းများအကြောင်း သတိပေးစင်တာ Joint Typhoon Warning Center က ဆိုသည်။ myanmar now