မုံရွာမြို့၊ GTC ကျောင်း၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ GTC ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Monywa Fighter Group တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၁၅ ရက် နံနက် ၉ နာရီခန့်က GTC ကျောင်းဝန်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများထဲမှ ၅ ဦးသည် ကျောင်းဝန်းရှေ့၌ စုဝေးနေစဉ် ပြည်သူ့ကာကွယ်ရေး ပြောက် ကျားတပ်ဖွဲ့များမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Monywa Fighter Group၊ Bo Tathaung People’s Defense Force.BTT PDF ၊ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s