ယင်းမာပင်နှင့် စလင်း မြို့နယ် တို့တွင် ချောင်းရေ မြင့်တက်မှုကြောင့် စိုက်ပျိုးမြေ ဧက ၂၀၀၀၀ ကျော် ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် မကွေးတိုင်း စလင်းမြို့နယ်တို့တွင် ချောင်းရေ မြင့်တက်မှုကြောင့် စိုက်ပျိုးမြေ ဧက ၂၀၀၀၀ ကျော် ပျက် စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၌ မိုခါ မုန်တိုင်းကြောင့် မိုးဆက်တိုက် ရွာသွင်းပြီး မြောက်ယမား ချောင်းရေ မြင့်တက်ကာ မြောက်ယမားချောင်း အနီးအနားရှိ ကျေးရွာများကို ချောင်းရေများ ဝင်ရောက်မှုကြောင့် စိုက်ပျိုးမြေ ဧက ၁၅၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ယမားချောင်းအနီးရှိ ကျေးရွာများသည်မိုခါမုန်တိုင်း နောက်ဆက်တွဲ မိုးများရွာသွင်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး လက်ရှိချိန်ထိ အိမ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရသေးကြောင်း၊ နှမ်း၊ နွေစပါး၊ ပဲတီစိမ်း၊ခရမ်း၊ ငရုပ်နှင့် လက်စိုက်ခင်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွန်းရင်းအုပ်စုရှိ ကျေးရွာ ၅ ရွာကျော်တွင်လည်း မိုခါ မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းပြီး စလင်းချောင်းရေ မြင့်တက်မှုကြောင့် လယ်ခင်း ဧက ၁၀၀၀ ခန့်နှင့် ယာခင်း ဧက အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” နှမ်းခင်း၊ ပဲခင်းတွေ အကုန် ပျက်စီးပါတယ်။ စားဝတ်နေရေး အကျပ်အတည်း ဖြစ်ရပါတယ်။ နှမ်းစိုက် ၁ ဧက ကို စိုက်ပျိုး စရိတ်တွက် ကြည့်လိုက်တော့ ၃သိန်းပျက်စီးပါတယ်။ တောင်သူတွေ ပြန်လည် စတင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ လယ်ယာလေးက ထွက်လာတဲ့ သီးနှံလေးကို အမှီပြု စားသောက်ရပါတယ် အခုတော့ ပျက်စီးသွားပါပြီ သဲဖုံးလွှမ်းမှုပါ ခံရတော့ မိုးစပါး စိုက်ပျိုးဖို့ကို မလွယ်လှပါဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s