ရေဖြူ၊ မယင်းကြီးရွာရှိ အမျိုးသမီးအချို့ကို စစ်တပ်က ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ ထိ ပါး၍ ကာယိန္ဒြေပျက်ပြားသည် အထိ စစ်ဆေး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မယင်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အမျိုးသမီးအချို့ကို ဖမ်းဆီးကာ လိင်ပိုင်းဆိုင်ရာ ထိပါး၍ ကာယိန္ဒြေပျက်ပြားသည် အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မယင်းကြီးရွာသို့ ဝင်ရောက်ပြီး အမျိုးသမီးများအပါအဝင် ပြည်သူ ၁၀ ဦးကို ဖမ်း ဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် ​အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးပြီး ကာယိန္ဒြေပျက်ပြားသည်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များသည် ဖမ်းဆီးခံသူများကို မေလ ၁၅ ရက် ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးထားချိန် အမျိုးသမီးအချို့၏ ခန္ဓာကိုယ်ကို စစ်ဆေးသည်ဟုအကြောင်းပြကာ လက်နှင့် ထိတွေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများနှင့် နီးစပ်သူများထံမှ သိရှိရသည်။

“ခန္ဓာကိုယ်အတွင်းပိုင်းအထိ လက်နဲ့ကိုင်တွယ်တာတွေလုပ်ခဲ့တာပါ။ မယင်းရွာထဲမှာ ဖမ်းထားတဲ့အချိန်မှာ အဲလိုပြုမူခဲ့တာပါ” ဟု ပြန်လွတ် မြောက်လာသူတစ်ဦးနှင့် နီးစပ်သူ ဒေသပြည်သူမှ ပြောကြားသည်။

မေလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ပြည်သူများမှာ မယင်းကြီး၊ ပရဒတ်နှင့် ထိန်ကြီးရွာများမှ ပြည်သူ များ ဖြစ်ပြီး စစ်ကြောင်းဝင်ရာ လမ်းတလျှောက်တွင် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် လူငယ်အမျိုးသားတစ်ဦးအပါအဝင် အမျိုးသားအချို့ကိုလည်း ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်း ရှိ မရှိ မသိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မူးဒူးအနောက်ရွာဘက်ကို ကားများနှင့် ရောက်ရှိနေပြီး ရွာထဲသို့ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မေလ ၁၄ ရက်နေ့တွင် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွါးရေးဇုန်ရှိ စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများအပြင် နဘုဒေသအတွင်းရှိ ရွာများကို စစ်ကြောင်းထိုးခြင်းများ ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ရေဖြူမြို့နယ်အတွင်းရှိ ခမောင်းချောင်း၊ ဝက်ချောင်း၊ ရငဲ၊ ဧကနိ၊ ဝဇွမ်းတော၊ မယင်းကြီး၊ ထိန်ကြီး၊ ပရဒတ်၊ ဘဝါ၊ ဘဝါကမ်းခြေ၊ လဲရှောင်၊ မူးဒူး စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s