သရက်ချောင်းမြို့၊ ဥတ္တူတံတားရှိ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ဒီးမော့ဆိုအရှေ့ခြမ်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မဲနယ်အိုးကျေးရွာအနီး ဥတ္တူတံတားတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၉ ရက် ည ၉ နာရီ ၂ မိနစ်က ဥတ္တူတံတားတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းငယ် တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ၆၀ မမ ၁၂ လုံးပစ်ခတ်ပြီးနောက် လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပကဖ အဖွဲ့ဝင်များဖြစ်သော သရက်ချောင်းမြို့နယ်ပြည် သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထားဝယ် တပ်ဦး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ပြန် လည်ပစ်ခတ် တိုက်ခိုက်မှု ရှိခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သရက် ချောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း မိုးပဲရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ် သားများ ထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNDF တပ် ရင်း ၉ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် တစ်ကြိမ်၊ ညနေ ၄ နာရီ ၃ မိနစ်အချိန် တစ်ကြိမ် မိုးပဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ် သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားများကို ထိခိုက်သေဆုံးမှုရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး စိုးရိမ်ရဒဏ်ရာနှင့် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ကျနော်တို့ပွိုင့်နေရာကို ခွေးတွေ ဝင်လာတာဗျ။ ကျနော်တို့ဘက်နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်တာ၊ စစ်ခွေးတွေထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျမသိရသေးဘူး၊ ကျနော်တို့ ဘက် ပူးပေါင်းတပ်ဖွဲ့က တစ်ဦး စိုးရိမ်ရနဲ့ ၂ ဦးဒဏ်ရတယ်၊ ဒီမနက်တော့ တိုက်ပွဲက ငြိမ်နေတုန်းပဲ၊ ဒီ မနက်စောစောက ခွေးတွေကြောက်လန့်ပြီး လျှောက်ပစ်နေတာတော့ ရှိတယ်၊” ဟု KNDF တပ် ရင်း ၉ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို KNDF တပ်ရင်း ၉ ၊ တပ်ရင်း ၁၀ နှင့် KA တပ်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျည်မလုံလောက်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများမှာ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s