KNLA တပ်ရင်း ၈ နယ်မြေရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ကျေး ရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

KNLA တပ်ရင်း ၈ နယ်မြေရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက် ပြေး တိမ်းရှောင် နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်း ၇ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAဘတပ် ရင်း ၈ ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်းသို့ ထိုးစစ်ဆင် ပစ်ခတ်မှုများကြောင့် ကျေးရွာ ၈ ရွာမှ ဒေသပြည်သူလူထု ၈၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့မှ စတင်ပြီ အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း ခမရ−၁၅ ၊ အမှတ် ၆ စစ်ဆင်ရေး ကွပ်ကဲမှူးဌာန ချုပ် လက်အောက်ခံ တပ်ရင်း ခလရ−၈၄ ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူ လက်အောက်ခံ တပ်ရင်း ခလရ−၇၃ ဇရပ်ကြီး၊ ခမရ− ၅၉၉ မုန်း၊ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၈ ပူးပေါင်းတပ်တို့ ရေအိုးစဉ်ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် အကြမ်းဖက် စစ်တပ်က မေလ ၁၃ ရက်နေ့ မီးတိုင်တောကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၈ နှင့် ပူးပေါင်းတပ်ဖွဲ့ တို့အကြား ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်မှ ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာအတွင်း တပ်စွဲထားပြီး ပြည်သူလူထုများအား ဖမ်းဆီးပစ်ခတ်မှုများရှိကြောင်း၊ ဒေသပြည်သူများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်ထိ ကျေးရွာ ၈ ရွာမှ လူဦးရေ စုစုပေါင်း ၈၆၉၆ ဦးခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s