Monthly Archives: May 2023

မြဝတီမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံမှ သေနတ် ၁ လက် သိမ်းဆည်း ရမိ၊ မော်လိုက်တွင် ၅ ရက်ကြာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်ထံမှ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း ကော်ဘရာစစ် ကြောင်း ထံမှ သိရသည်။

ယနေ့ မေလ ၁၇ ရက်နေ့၌ မြဝတီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က နံနက် ၃ နာရီ ၃၆ မိနစ်မှ နံနက် ၃ နာရီ ၄၀ မိနစ် အထိ လေကြောင်းဖြင့် ၃ ကြိမ် တိုက်ခိုက်မှု ပြုခဲ့ပြီး ၁၂၀ မမ လက်နက်ကြီး၊ ၁၂၂ မမလက်နက်ကြီးတို့ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

တော်လှန်‌ရေးပူးပေါင်း တပ်ဖွဲ့များ ဖြစ်သည့် တပ်မဟာ ၆ KNU/KNLA၊ ကော်ဘရာ စစ်ကြောင်း ၁ ၊ ကျားသစ်နက် ၊Golden Eagle၊ Federal Wings တို့ လုံခြုံရေး ယူထားသော နယ်မြေများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးတက်လာခြင်းကြောင့် ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ MA1 ၁ လက်၊ MA ကျည်ဘောက် ၅ ဘောက်၊ ကပစကျည် ၁၀၅ တောင့်၊ အီနာဂါ ၁ လုံး၊ 60 mm ၃ လုံး တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်ကျေးရွာအနီးတွင် ၅ ရက်ကြာတိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မော်လိုက်မြို့နယ်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၂ ရက်နေ့စတင်၍ ကလေးမြို့မှ တက်လာသော အကြမ်းဖက်စစ်သားများနှင့် မော်လိုက်မြို့နယ် တွင်းရှိ ကင်းတပ်၊ ဇီးကုန်းစသည့် ပျူစောထီးများနှင့် ပူးပေါင်းထားသော အကြမ်းဖက်စစ်ကြောင်းသည် မော်လိုက်မြို့နယ်၊ တောင်တွင်းကျေးရွာနှင့် တောင်အင်းကျေးရွာကြားသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်ပူးပေါင်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ ၅ ကြာတိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

“မိုခါမုန်တိုင်းမစခင်ကတည်းက ဖြစ်နေတာ၊ ဒီနေ့အထိဖြစ်နေတုန်းဗျ၊ မြေပြင်အခြေအနေက စစ်ခွေး တွေဘယ်လောက်ကျတယ် ဆိုတာတော့ အတိအကျစုံစမ်းလို့မရဘူးဗျ၊ မနက်ကတည်းက စဖြစ်တာ၊ အတော်လေးပြင်းထန်တယ်၊ ဒီနေ့ ညနေ ၂ နာရီ ၃ နာရီလောက်မှာ လက် နက်ကြီးနဲ့ ထုတာ၊ ရွာသူ၊ ရွာသားတွေကတော့ ကြောက်လန့်ပြီး ပြေးလွှားနေကြရတယ်၊ နောက်နေ့တွေလည်း တိုက်ပွဲက ဆက် တိုက်ပြင်းထန်ဖို့ပဲရှိနိုင်တယ်၊ ဒီကောင်တွေက မဆုတ်သေးဘူးဆိုတော့” ဟု မော်လိုက်မြို့နယ်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မော်လိုက်မြို့အနောက်ဘက် ဒီပင်္ကရာဘုရားတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၈ ချက်ရမ်းသမ်းပစ် ခတ်ခဲ့ကြောင်း၊ ယမန်နေ့ မေလ ၁၆ ရက်နေ့ကလည်း ကလေး မြို့မှ အကြမ်းဖက်စစ်ကား ၃ စီးဖြင့် အမျိုးသမီးစစ်သည်မေများပါ စစ်ကူလာခဲ့ကြောင်း၊ ထို့ပြင် ရဟတ် ယာဉ်ဖြင့် လာရောက် ပျံဝဲကြည့်ရှုသွားခဲ့ပြီး ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်တွင်းရွာ၊ မှန်ပြင်ရွာ၊ တောင်အင်အစရှိသည့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ khit thit

ဘီးလင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာတစ်လျှောက်တွင် စစ်ကောင်စီတပ်​၏ စစ်ကြောင်းအား တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် တပ်မဟာ (၅) ဘက်မှ ဆင်းလာသည့် အင်အား ၂၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်​၏ စစ်ကြောင်းအား ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာအနီးတစ်ဝိုက်တွင် KNU တပ်မဟာ (၁) KNLA သူရိယစစ်ကြောင်းနဲ့ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

” မဲပလီဘက်ကနေ နတ်ကြီးကို ပြန်ဆင်းလာတဲ့ ဗျူဟာစစ်ကြောင်းပေါ့။ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကြီး အင်အား ၂၀၀ ကျော်တယ်။ အဲ့ဒီစစ်ကြောင်းကို ကျွန်တော်တို့ KNU၊ KNLA တပ်မဟာ (၁) သူရိယစစ်ကြောင်းနဲ့ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းအဖွဲ့ကနေပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တာဖြစ်တယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ထိုနှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီစစ်ကြောင်းမှ စစ်သား ၂၅ ဦးခန့် သေဆုံး၍ ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းဘက်တွင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက်တာမှာ တိုက်ပွဲသုံး၊ လေးကြိမ်ဖြစ်တယ်။ အဲ့ဒီဖြစ်တဲ့ တိုက်ပွဲမှာ ရန်သူ့ဘက်က ၂၅ ယောက်လောက်သေတယ်။ ၂၀ လောက် ဒဏ်ရာရတယ်။ ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့ကတော့ ရဲဘော်တစ်ယောက်အနည်းငယ် ဒဏ်ရာရခဲ့တယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်​၏ ထိုစစ်ကြောင်းသည် အစူးချောင်းကျေးရွာမှ နတ်ကြီးကျေးရွာဘက်သို့ ဆက်သွားရာ လမ်းတွင် ဓားစားခံအဖြစ် အသုံးပြုရန် အစူးချောင်းရွာသားလေးဦးအား ဖမ်းဆီးသွားပြီး ၎င်းတို့​၏ ခဲယမ်းများအား သယ်ခိုင်းကြောင်း၊ နတ်ကြီးကျေးရွာ အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

” ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာတော့ သူတို့ အစူးချောင်းရွာသား လေးဦးကိုဖမ်းပြီးတော့ ဓားစာခံပုံစံလုပ်သွားတယ်။ ပြီးတော့ သူတို့ရဲ့ ခဲယမ်းတွေ ခြင်းတောင်းတွေကို ထမ်းခိုင်းတာပေါ့ နတ်ကြီးအထိ။ နတ်ကြီးရောက်တော့ ပြန်လွှတ်ပေးပါတယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း အစူးချောင်းကျေးရွာ၊ မဲပလီကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာဒေသများသို့ ခေတ္တ တိမ်းရှောင်ခဲ့ကြပြီး ယနေ့ မေလ ၁၇ ရက်နေ့တွင်တော့ နေရပ်တွင် ပြန်နေနေကြပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက်နေ့၊ ညနေပိုင်းတွင် နတ်ကြီးစစ်ကောင်စီစခန်းအား တပ်မဟာ (၁) KNLA၊ PDF ၊ TPDF၊ ကျိုက်ထိုတော် လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ Ygn Eagle Force ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက် အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ mizzima

ရေစကြိုတွင် အကြမ်းဖက်စစ်ကား ၃ စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြည်ကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။

ယနေ့ မေလ ၁၇ ရက်နေ့လည် ၁၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ဇီးတောပျူရွာမှ အကြမ်းဖက်စစ်သား ၈၀ ခန့်သည် ဆင် ချောင်းကျေးရွာသို့ ကားစီးဖြင့် ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပဒေသာ မိုင်း ၁၀ လုံး အသုံးပြု ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ယူဆတာတော့ ဆင်ချောင်းက ခွေးတွေနဲ့ ဇီးတောက ခွေးတွေ အပြောင်းအလဲ လုပ်တယ်လို့ ယူဆတာပေါ့၊ အဲဒီစစ်ကြောင်းက ရေစကြိုမြို့နယ်ထဲမှာ လှည့် ပတ်စစ်ကြောင်းထိုးနေတာတော့ ကြာပြီ၊ အခွင့်မသာသေးလို့သာ စောင့်နေတာ၊ ဒီနေ့နေ့လည်မှာ မိတာ ဗျ၊ စုံစမ်းကြည့်ရသလောက်တော့ ရဲခွေး၊ ပျူခွေးတွေ သေတာများတယ်လို့ သိရတယ်၊ သတင်းကို ဖုံးထား လို့သာ၊ ဒဏ်ရာရသေဆုံးတာက ထုတ် ပြန်ထားတာထက်များနိုင်တယ်၊ ဖောကား ၃ စီးနဲ့ အတွဲလိုက်မိုင်းတာ၊” ဟု ရေစကြိုပကဖမှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ရေ၀င်ပျက်စီးခဲ့သောပုဂံဘုရားများအား ယခင်ခေတ်နည်းလမ်းများအတိုင်း ကော်ရည်အသုံး ပြုပြုပြင်ရန် စစ်ခေါင်းဆောင်မှာကြား

မိုခါမုန်တိုင်းမိုးကြောင့် ရေ၀င်နစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော ပုဂံဘုရားများအား ယခင်ခေတ်နည်း လမ်းများအတိုင်း ကော်ရည်သုံး၍ပြုပြင်ရန် စစ်ခေါင်းဆောင်ကမှာကြားသွားကြောင်း ၎င်း၏ပုဂံခရီးစဉ် အပြီး ထုတ်ပြန်ချက်အရ သိရသည်။

ယခင်ခေတ်က ဘုရားစေတီပုထိုးများတည်ဆောက်ရာတွင် အသုံးပြုသည့်ကော်ရည်ကို ဥသျှစ်သီး၊ တင်လဲ ရည်၊ အုတ်နီမှုန့်၊ သဲတို့ကို ရောစပ်အသုံးပြုသည်ဟုသိရှိရပြီး တာ၀န်ရှိသူများအနေဖြင့် ၎င်းကော်ရည် ဖျော်စပ်မှုကို ယခင်ခေတ်နည်းလမ်းများအတိုင်း အချိုးအစားအမျိုးမျိုးဖြင့် ဓာတ်ခွဲခြင်းများဖော်ဆောင် စမ်းသပ်ဆောင်ရွက်ရန်လိုကြောင်း၊ စမ်းသပ်မှုအောင်မြင်ပါက ရှေးဟောင်းဘုရားစေတီပုထိုးများကိုပြုပြင် ရာ၌ ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက မှာကြားခဲ့သည်။

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဖြစ်ပေါ်နေစဉ် ကျိုင်းတုံမြို့ရှိ မဟာဗောဓိစေတီထီးတင်ပွဲ ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင်သည် မုန်တိုင်းအပြီးနှစ်ရက်အကြာ မေလ ၁၆ ရက်နေ့က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အားအလွန့်အလွန်ကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မန္တလေးတိုင်း ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မေလ ၁၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

မုန်တိုင်းမိုးကြောင့် ထီးလိုမင်းလိုဘုရားနှင့်သပိတ်မှောက်ဘုရားအပါအ၀င် လေးမျက်နှာ၊ ရွှေစည်းခုံ၊ အာန န္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ဓမ္မရာဇက၊ ခေမင်္ဂ၊ ပုဂံမျှော်၊ ရွာဟောင်းကြီး ရွှေနန်းရင်တော့ ရှေးဟောင်းစေတီ များတွင် ရေ၀င်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဆင်ပေါင်းအုတ်ကျောင်းအပါအ၀င် ရှေးဟောင်းဘုရားနှင့် အဆောက်အအုံရှစ်ခု ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။

ပုဂံဘုရားပုထိုးစေတီများ ရေ၀င်နစ်မြုပ်ထိခိုက်ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ခြင်းမရှိခဲ့သဖြင့် ပျက်စီးမှုအများအ ပြားဖြစ်ရကြောင်း ဝေဖန်မှုတို့ရှိနေသည်။

စစ်ခေါင်းဆောင်သည် ပုဂံခရီးစဉ်အတွင်း သာသနိကအဆောက်အအုံများသို့ လှည့်ပတ်ကြည့်ရှုခဲ့ပြီး ပုဂံ ကို ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်း သိမ်းဆောင်ရွက်ရန်လည်းမှာကြားသွားကြောင်း သိရသည်။ mizzima

ကျွန်းလှမြို့နယ်၊ ပျူစောထီးခေါင်းဆောင်မြင့်နိုင်ကို ဝင်ဖမ်းစဉ် မိသားစုလိုက်ခုခံသဖြင့် ပစ် ခတ်ဖမ်းဆီးရာမှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ ပျူခေါင်းဆောင်မြင့်နိုင်ကို ဝင် ရောက် ဖမ်းဆီးစဉ် မိသားစုလိုက် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မိသားစု ၃ ဦးစလုံး သေဆုံး သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

ယနေ့ မေလ ၁၇ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်တပ်နှင့် လက်နက်အားကိုးဖြင့် မိသားစုလိုက် ရွာသူ၊ ရွာသားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့် ငွေညှစ်၊ ကင်းစောင့်ခိုင်းနေသော ပျူစောထီးခေါင်းဆောင်မြင့်နိုင်မိသားကို ကန့်ဘလူခရိုင်တပ်ရင်း-၁ နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)တို့မှ ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာ မိသားစု ၃ ဦးစလုံး သေဆုံး သွားကြောင်း သိရသည်။

“ပျူစောထီးခေါင်းဆောင်ရော၊ သူ့မိန်းမရော၊ သူ့သားရော ၃ ယောက်လုံးက သေနတ်နဲ့ပြန်ခုခံဖို့ ကြိးစားတာ၊ သူ တို့မိသားစုက အစက တည်းက စစ်တပ်ထောက်ခံတဲ့သူတွေ၊ သူ့မိန်းမကလည်း သန်မှသန်၊ ပျူသင်တန်းကို လည်း မြင့်နိုင်ရော၊ သူ့သားရော တက်ထားတာ၊ သူ့သားက အသက် ၂၀ ကျော်ပြီ၊ အင်တာနက်လိုင်းမရ လို့ ပုံတွေက မရဘူးဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ပြောကြားသည်။

၎င်းတို့မိသားစုအား ပစ်ခတ်ဖမ်းဆီးရှင်းလင်းပြီးနောက် ကာဘိုင်သေနတ် တစ်လက်၊ ရှော့ဂန်း ၂ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပျူခေါင်း ဆောင်မြင့်နိုင်နှင့်မိသားစု၏ ဖိအားပေးခြိမ်းခြောက် စေခိုင်း မှုကြောင့် ပျူစောထီးသင်တန်း မတက်ချင်ဘဲ တက်ရောက်ရသူများ ရှိကြောင်း သိရသည်။ khit thit

အန်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီ တိုင်းဝန်ကြီး ဦးမြင့်စန်း ကွယ်လွန်

အန်အယ်လ်ဒီအစိုးရလက်ထက်က တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့  ဦးမြင့်စန်း ဒီကနေ့ မေ ၁၇ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်စန်းဟာ စစ်ကောင်စီရဲ့ လိုက်လံရှာဖွေဖမ်းဆီးမှုကို တိမ်းရှောင်ရင်း သရက်ရွက်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဦးမြင့်စန်းဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီးလွှတ်တော် လောင်းလုံးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့ပါတယ်။

ဦးမြင့်စန်းဟာ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတော့ သူ့ရဲနေအိမ်ကို စစ်တပ်က ချိတ်ပိတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်ကလည်း တနင်္သာရီတိုင်း အန်အယ်လ်ဒီပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးအေးနိုင်လည်း တိမ်းရှောင်ရင်းနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ DVB

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA သုံးရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အရာရှိ ၁ဦး အပါအဝင် ၄ ဦးသေဆုံးဟုဆို

ဖားကန့်တွင် တပ်အချိန်းအပြောင်းပြုလုပ်‌နေသည့် စစ်ကောင်စီတပ်နှင့် KIA သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ မိုးကောင်းမြို့နယ်ဘက်သို့ တပ်အပြောင်းအလဲပြုလုပ်ရန် ထွက်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA တပ်မဟာ (၉) လက်အောက်ခံ၊ တပ်ရင်းအမှတ် (၄၄) က မေလ ၁၄ရက်မှ မေလ ၁၆ရက်အထိ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

” စစ်တပ်ဖက်က လေးယောက်သေတယ်။ ဒီဘက်(KIA)ဘက်ကလည်း အနည်းအကျဉ်းထိတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲကြောင့် နန့်တိန်းကျေးရွာနှင့် နန့်ယားကျေးရွာကြားရှိ ဆိုင်းဖရာ၊ ကပ်မှော်ကျေးရွာ၊ ဂတ်နွယ် ကျေးရွာများမှ ဒေသခံ ၂၀၀ နီးပါးသည် နန့်ယား‌ ကျေးရွာဘက်သို့ ခေတ္တတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

”တောထဲမှာ ဖြစ်တယ်ဆိုပေမဲ့ ရွာနားကို ရောက်လာမှာစိုးလို့ ပြေးလာကြတာ ဟုတ်တယ်”ဟု တိုက်ပွဲရှောင်လာသူ ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နီးစပ်ရာတောများသို့ ပုန်းခိုသွားခဲ့သည်ဟုညသိရသည်။ ယမန်နေ့ မေလ ၁၆ ရက်နေ့ညပိုင်းက လမ်းမကြီးပေါ် ပြန်ထွက်လာသည့်အချိန်တွင် အသင့်စောင့်နေသော KIA တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်းKIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း အသက်မသေဘဲ လွတ်မြောက်လာသည့် စစ်ကောင်စီတပ်သားများသည် နန့်ယားစာသင်ကျောင်းတွင် တပ်စွဲအထိုင်ချထားပြီး သေဆုံးသွားသူများကို နန့်ယားစစ်တပ်စခန်းတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများထိခိုက်မှုနှင့် သေဆုံးမှု အရေအတွက်ကို KIA ဘက်က တရားဝင် ထုတ်ပြန်သည်ကို မတွေ့ရသေးပေ။ KIA တပ်ရင်း (၄၄)ဘက်တွင်လည်း ထိခိုက်သေဆုံးမှုရှိကြောင်း KIA နှင့် နီးစပ်သူ ကချင်သတင်းရင်းမြစ်များက ပြောဆိုသည်။နှစ်ဘက်ထိခိုက်မှုကို မဇ္ဈိမ အနေဖြင့်သီးခြားအတည်ပြုချက်မရသေးပေ။

လက်ရှိတွင် တိုက်ပွဲမဖြစ်ပွားတော့သည့်အတွက် ယခင်ရက်က တိမ်းရှောင်နေသည့် ဒေသခံများသည်ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နေရပ်ပြန်နေကြပြီဖြစ်သည်။

” အခုက သူတို့ (စစ်တပ်) တောထဲက ထွက်လာနိုင်ပြီး စခန်းထဲ ရောက်ပြီဆိုတော့ တိုက်ပွဲပြီးပြီလို့ပဲ ပြောလို့ရတယ်။ ဒီနေ့ မနက် (မေလ ၁၇ ရက်) တော့ ထပ်ဖြစ်တာ မရှိတော့ဘူး၊ မကြားမိသေးဘူး” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့သည်။ဖားကန့်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ နှစ်ဖက်လုံးကကြိုးပမ်းနေကြသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။ mizzima

ကနီမြို့နယ်၊ ချောင်းမနှင့် မင်းမကျေးရွာတို့ကို တိုက်လေယာဉ် ၂ စီးဖြင့် တိုက် ခိုက်ပြီး ထပ် ဆင့်ပေါက်ကွဲသော Cluster ဗုံးများ ကျဲချ၊ စစ်တပ်ဘက်မှ အနည်း ဆုံး ၈၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ သဖြင့် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယခုတစ်ပတ်တာကာလအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာနေသော ကြောင့် တိုက်လေယာဉ်၂စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကာ ထပ်ဆင့် ပေါက်ကွဲစေတတ်သော Cluster ဗုံးများ ကျဲချကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ချောင်းမရွာနှင့် မင်းမရွာဝန်းကျင်သို့ တံတားဦးလေဆိပ်မှတက်သော တိုက်လေယာဉ်နှစ်စီးဖြင့် ယနေ့ မေလ၁၇ရက် နေ့လယ် ၂နာရီ ၃၆မိနစ်နှင့် ၂နာရီ ၄၅မိနစ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ကတည်းကပွဲဖြစ်နေတာပါ။ ရန်သူ့ဘက်က တစ်ပတ်အတွင်း ၈၀ကျော်ပြုတ်ထားတယ်။ အထိတော်တော်နာနေတာ။ Cluster ဗုံးတွေ ကျဲချတယ်။ အဲ့တော့ ဒီနေ့လယ်မှာ ချောင်းမနဲ့ မင်းမရွာဝန်းကျင်ကို လေကြောင်းနဲ့ဆက်တိုက်ပစ်တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကနီမြို့နယ်တွင် မေလ ၁၁ရက်မှစ၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တစ်ပတ်တာ ထိတွေ့တိုက် ပွဲများအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၈၀ဦး ထက်မနည်းသေဆုံးထိခိုက်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ khit thit

ဆန်စပါးသိုလှောင်မှုအတွက် မှတ်ပုံတင်ရမည်

မြန်မာပြည်တွင်း တစ်နေရာတည်းမှာ ဆန်တန်ချိန် ၅၀ နဲ့ စပါးတင်း ၅၀၀၀ အထက် သိုလှောင်ပါက မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။

အမြတ်များများ ရလိုပြီး သမားရိုးကျ ရောင်းဝယ်မှု မရှိတဲ့ ဆန်စပါးလုပ်ငန်းတွေကို ကိုယ်တွယ်ထိန်းကျောင်းဖို့ နဲ့ ဆန်စပါးသိုလှောင်မှု ကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး မှတ်ပုံတင်စနစ်ကို ကျင့်သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းဆန်စျေးနှုန်းတွေ စံချိန်တင် မြင့်တက်နေတာကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး မှတ်ပုံတင်စနစ်ကို ကျင့်သုံးလာတာဖြစ်ပေမယ့် ပုဂ္ဂလိက လွတ်လပ်စွာ ရောင်းချခွင့်ကို ပိတ်ပင် တားဆီးခြင်းဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

ဆန်ကုန်သည်တစ်ဦးက “ဒါက ပုဂ္ဂလိကကို လွတ်လွတ်လပ်လပ် ရောင်းချခွင့် မပေးတဲ့သဘောပဲ။ ကုန်သည်တွေက လှောင်တဲ့ ပမာဏကို တင် ပြရမယ်။ လှောင်သမားတွေ ဈေးကစားလို့ ဆန်ဈေးတက်နေတယ်လို့ သူတို့က ထင်တာကိုး။ အဲတော့ ဆန်စက်တွေ၊ ကုန်သည်တွေဆီမှာ ဘယ် လောက်လှောင်ထားတယ်ဆိုတာ သိချင်လို့ လုပ်တဲ့သဘောပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆန်နဲ့စပါး သိုလှောင်မှုအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းတွေကို စစ် ဆေးကြပ်မတ်နိုင်ဖို့အတွက် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို မေ ၉ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့ကို ကုန်သွယ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆန်စပါးလုပ်ငန်းအသင်းအဖွဲ့တွေက တာဝန်ရှိသူတွေ ပါဝင် ဖွဲ့စည်းထားပြီး မှတ် ပုံတင်ရာမှာ အွန်လိုင်းကနေ မှတ်ပုံတင် လျှောက်ထားရမယ်လို့ သိရပါတယ်။

တကယ်လို့ ကန့်သတ်ပမာဏ သိုလှောင်ခြင်းအတွက် မှတ်ပုံတင်ခြင်း မရှိပါက ဥပဒေနဲ့အညီ ထိန်းကျောင်းကြပ်မတ်ပြီး အရေးယူသွားမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားပါတယ်။

ပြည်တွင်း ဆန်ဈေးနှုန်းတွေကတော့ သင်္ကြန်အပြီးကစပြီး ဈေးထိုးတက်လာခဲ့ပါတယ်။ လက်ရှိမှာ ဆန်တစ်အိတ်ကို အနိမ့်ဆုံး ၆၀၀၀၀ ကျပ်ကနေ ၁၂၅၀၀၀ ကျပ်အထိ ရှိနေပါတယ်။ ီီီဠယယ

« Older Entries