ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၅၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မြွေ ဆိပ် ဖြေဆေးများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်းတွင် အကြမ်း ဖက် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် ပြည်သူပေါင်း ၅၀,၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရှိရသည်။

ထကန့်ဘလူမြို့နယ်အတွင်း၌ ဒေသခံပြည်သူများ မနေထိုင်နိုင်တော့သည့် ကျေးရွာပေါင်း ၂၄ ရွာ ရှိလာပြီဖြစ်ကာ ယင်းထက် ပိုများနိုင်ကြောင်းလည်း အကူ အညီပေးနေသည့် အဖွဲ့များထံမှ သိရှိရသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ်အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်းနှင့် အလယ်ခုံကျေးရွာ၊ ချပ်သင်းတိုက်နယ်မှ ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး (ရ)၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနှင့် လှည်းပွဲကျေးရွာ၊ ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်းခြားနှင့် မကျီးကုန်းကျေးရွာ၊ ဇီးကုန်းတိုက်နယ်မှ ရေကြည်ကျေးရွဦ၊ မလည်တိုက်နယ်မှ ပဇီကြီး စသည့် ကျေးရွာများမှ ပြည်သူများမှ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ရွာအတွင်း ပြန်မဝင်နိုင်ဘဲ အမြဲ တမ်းစစ်ရှောင်ရွာများအဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရှိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာနဲ စသည့် ကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူများမှာလည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် မေလ ၁၆ ရက်အထိ ရွာအတွင်း ပြန်မဝင်နိုင်ကြသေးဘဲ နီးစပ်ရာ တောတိုက်များအတွင်း စစ်ဘေးရှောင်နေကြရေ​ကြောင်း၊ ကန့်ဘလူ ခရိုင် အတွင်း စစ်ကြောင်းထိုးကာ ကျေး ရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းမှာ ခြေမြန်တပ်ရင်း (ခမရ) ၃၆၁ နှင့် ၃၈၆ တို့ဖြစ်ကြောင်း သိရှိရသည်။

လက်တလောတွင် အကြမ်းဖက် စစ်တပ်၏ ခမရ – ၃၆၁ မှာ ကျေးပင်အက်ဆည်ဘက်သို့ လှည့်လည်နေကာ ခမရ – ၃၆၈ စစ်ကြောင်းမှာ ချင်မြစ်ကျင်းကျေးရွာဘက်၌ ယာယီတပ်စွဲ စခန်းချေနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

ကန့်ဘလူခရိုင်အတွင်း၌ စစ်ရှောင်ပြည်သူဦးရေ မြင့်တက်လာမှုနှင့်အတူ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံး ဆေးဝါးများ လိုအပ်ချက် မြင့်မားလာသည့်အပြင် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌ သုံးစွဲရသည့် ဆေးဝါးများလည်း လိုအပ်လာနေကြောင်း စစ်ရှောင်များအား ကူညီနေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s