ကျွန်းလှမြို့တွင် ပျူစောထီးအဖွဲ့က တအိမ်ကို ကျပ် ၁၀,၀၀၀ ခြိမ်းခြောက်ကောက်ခံနေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်မှာ ပျူးစောထီးတွေက တအိမ်ကို ကျပ် ၁၀,၀၀၀ ပေးရမယ်ဆိုပြီး လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ကောက်ခံရာမှာ မပေးနိုင်တဲ့အိမ်တွေကို စာရင်းမှတ်သားထားပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်နေကြောင်း ပိတောက်မြိုင်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“တအိမ်ကို ၁၀,၀၀၀ ကောက်တာက ဒီလကနေ စကောက်တာလို့ ပြောတယ်ဗျ။ ဘာအကြောင်းကြောင့် ကောက်တာလဲဆိုတော့ PDF ရန်ကနေ သူတို့ပျူတွေက ကာကွယ်ပေးထားရလို့ ကာကွယ်ရေးအသုံးစရိတ်အတွက် ကောက်တာလို့ ပြောတယ်ဗျ။ ဒီကိစ္စကို မြို့နယ်ထွေထွေအုပ် ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီ မြို့စောင့်တပ်က အရာရှိတွေ မသိဘူးလားဆိုတော့ သူတို့ ဒီကိစ္စကို သိလောက်ပါတယ်။ သူတို့မခိုင်းဘဲ ဒီပျူစောထီးတွေ ဒီလိုကောက်ရဲမလားဗျ။ ပူးစား၊ ပေါင်းစား လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ ပျူတွေကို လူမိုက်လုပ်ပြီး တောင်းခိုင်းတာ ဖြစ်နိုင်တယ်။ သူတို့ပြောပုံအရဆိုရင် ဒီ ၅ လပိုင်းကနေ လတိုင်း လတိုင်း ပေးရမယ်လို့လည်း ပြောတယ်။ ငွေပေးလိုက်ရတာပေါ့။ မပေးရင် စာရင်းမှတ်ပြီး အိမ်ကိုမီးရှို့မယ်လို့လည်း ပြောတော့ ကြောက်လို့ ပေးလိုက်ရတာပေါ့” လို့ ပြောပါတယ်။

ကျွန်းလှမြို့ဟာ ပျဉ်းမမြိုင်၊ ပိတောက်မြိုင်၊ အင်ကြင်းမြိုင်၊ သစ်ယာမြိုင် ဆိုပြီး ရပ်ကွက်လေးခု၊ အိမ်ခြေ ၂,၅၀၀ ကနေ ၃,၀၀၀ ဝန်းကျင်အထိရှိတဲ့မြို့ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s