ခင်ဦးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်၊ သင်ပေါင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Dragon Urban Guerill Force တပ်ဖွဲ့ထံမှ သိရသည်။
မေလ ၈ ရက် နေ့က ခင်းဦးမြို့နယ်၊ ကုတ္တက်ရွာမှ တဆင့် သင်ပေါင်းရွာဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သးများ ထိခိုက်မှုရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှိုကု Dragon Urban Guerill Force – DUGF -KU ၊ Fire Dragon (Khin U)၊Northern Tigers Group (NTG) နှင့် မဟာ မိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit