စစ်ကောင်စီတပ်က KNU တပ်မဟာ (၁) တပ် ရင်း ( ၃ ) အတွင်းရှိ ကျေးရွာများကို လက် နက်ကြီးဖြင့် ပစ်ခတ်

ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၁) ၊ သထုံခရိုင်၊ တပ်ရင်း (၃) နယ်မြေ၊ လက်နက်ကြီးဖြင့် ပစ်ခတ်အတွင်းရှိ ချောင်းစောက်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ယမန်နေ့ မေလ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ဘေး၊ ရသေ့တောင်တွင် အမြှောက်များဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်က ချောင်းစောက်ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ချောင်းစောက်ကျေး ရွာ အနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

” မနေ့ ညနေပိုင်းကပစ်တာ။ ချောင်းစောက်ရွာထဲ တည့်တည့်ကျတာတော့ မဟုတ်ဘူး။ ရွာအနီးအနားကို ကျတော့ ဒေသခံတွေက ပြေးလွှားကုန်ကြရတာပေါ့” ဟု ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ချောင်းစောက်ရွာအတွင်း လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ အထိအခိုက်အပျက်အစီးမရှိခဲ့သော် လည်း ချောင်းစောက်ကျေးရွာနေ ဒေသခံပြည်သူ အများစုသည် နီးစပ်ရာ တောအစပ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

” ချောင်းစောက်က အင်တာနက် မမိတဲ့ရွာလေ။ တစ်ခုခုဆို ဘာမှမသိရဘူး။ အခုလည်း ဘာမှန်းမသိရဘဲ လက်နက်ကြီးကျကွဲတာနဲ့ ပြေးကြရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက် ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် ( အမတ- ၃၁၀) က ကျိုက်ထို မြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ ဆောင်နိုင်ကြီးရေသန့်စက်ရုံအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

” မနေ့က သိမ်ဇရပ်ဘက်က ပစ်တာလည်းရှိတယ် ။ ဆောင်နိုင်ကြီးနားကို ကျတာ။ ဆောင်နိုင်ကြီး ရေသန့်စက်ရုံနားကို ကျတယ်လို့ပဲ သိထားရသေးတယ်၊ ကျန်တာတော့ မသိရသေးပါဘူး” ဟု ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက်နေ့က တပ်မဟာ (၁)၊ တပ်ရင်း(၃) နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီ တပ်မ -၄၄ ဌာနချုပ်၊ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် (အမတ- ၃၁၀ )နှင့် ခြေမြန် တပ်ရင်း (ခမရ-၂၀၇)၊ ရသေ့တောင်စစ်ကောင်စီစခန်း၊ မုပ္ပလင်ရှိ စစ်ကောင်စီဂိတ်စခန်းတို့မှ စစ်ကောင်စီတပ်များသည် ဇီးပြောင်းကျေး ရွာ အုပ်စု၊ ကနိုင်ဒွတ်ကျေးရွာ၊ မိုးဘောနတ်စင်ကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ကင်မွန်းစခန်းကျေးရွာ၊ ဆောင်နိုင်ကြီးကျေးရွာများသို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s