မုန်တိုင်းကြောင့် တစ်နိုင်ငံလုံး ၂၁ ဦးသေဆုံးဟု စစ်ကောင်စီထုတ်ပြန်စစ်တွေရိုဟင်ဂျာဒုက္ခ သည်စခန်းများမှ သေဆုံးမှုများအကြောင်း ဖော်ပြခြင်းမရှိ

အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ဗဟိုချက်အတွင်း ကျရောက်ခဲ့သော ရခိုင်ပြည် နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ သေဆုံးမှုအများအပြား ရှိနေသော်လည်း စစ်ကောင်စီက တစ်နိုင်ငံအတိုင်းအတာဖြင့် မုန်တိုင်းကြောင့်သေဆုံးသူမှာ ၂၁ ဦးသာရှိသည်ဟု ထုတ်ပြန်သည်။

မိုခါမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ခု၌ လူနေအိမ် ၁၁,၅၃၂ လုံး၊ သာသနိကအဆောက်အဦနှင့် ဘုန်းကြီးကျောင်း ၁၂၀၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံဆေး ခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ လေဆိပ် ၂ ခု၊ ဈေး ၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အဦ ၁၁၂ လုံးပျက်စီးသည်ဟု စစ်ကောင်စီ၏ ယမန်နေ့ (မေ ၁၆) ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၂၁ ဦးတွင် ရခိုင်ပြည်နယ်မှ ၂၀ ဦးနှင့် ဧရာဝတီတိုင်းမှ ၁ ဦးဖြစ်သည်ဟုဆိုသော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ထို့ပြင် သေဆုံးသူ ၂၁ ဦး၌ စစ်တွေမြို့၌ အုတ်တံ တိုင်းပြိုကျကာ သေဆုံးခဲ့သည့် အရာရှိ ၁ ဦးနှင့် စစ်သား ၂ ဦးကိုလည်း စစ်ကောင်စီက ထည့်သွင်းထားသည်။

စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ မုန်တိုင်းအတွင်း သေဆုံးမှု အများအပြား ရှိကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဒေသခံများက အတည်ပြုထားသော်လည်း စစ်ကောင်စီက ထည့်သွင်းဖော်ပြခြင်း အလျဉ်းမရှိပေ။ ထို့ပြင် မုန်တိုင်းအတွင်း ရုတ် တရက်ရေကြီးရေလျှံဖြစ်ကာ မကွေးတိုင်း ဆင်ဖြူကျွန်း၌ ရေစီးနှင့်မျောပါသေဆုံးခဲ့သူ ၃ ဦးအကြောင်းလည်း စစ်ကောင်စီက ဖော်ပြခြင်း မရှိပေ။

စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းအချို့ကို Myanmar Now က ယမန်နေ့တွင် သွားရောက် စုံစမ်းစဉ် ဘုမေ (ဘာဆာ) ရပ်ကွက်နှင့် အနီးတစ်ဝိုက်တွင် သေဆုံးသူ ၂၀ ထက်မနည်း ရှိနေသည်ကို သိရှိရသည်။ ဘုမေ (ဘာဆာရာ) အကွက် (၁၇) တွင် သေဆုံးသူများအနက် အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ချူနားမေ (၅၀ နှစ်)၊ ဘာနု (၆၅ နှစ်)၊ ချောဂျီဒါ (၂၅ နှစ်)၊ အဒူဂေါ်နီ (၄၀ နှစ်)၊ မဇူရ (၄၅ နှစ်) တို့ ဖြစ် သည်ဟု ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သူ ရော်အေးမျာက အတည်ပြုသည်။

၂၀၂၂ ပြည့်နှစ်က စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခ သည်စခန်းပေါင်း ၁၃ ခုရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိနေသည်။

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများတွင် သေဆုံးမှုများရှိနေသည့်အပေါ် စိစစ်ရန် ကြိုးပမ်းနေဆဲဖြစ်ကာ ပျောက်ဆုံးနေသူ အများ အပြားရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) တာ ဝန်ရှိသူက ယမန်နေ့တွင် ပြောသည်။

“ရခိုင်ပြည်နယ်နဲ့ အခြား မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ သေဆုံးမှုတွေရှိနေတဲ့အကြောင်း သိရတဲ့ အတွက် UNHCR အနေနဲ့ စိတ်မကောင်းဖြစ် ရပါတယ်။ ကနဦးရတဲ့အချက်အလက်တွေအရ ဒုက္ခသည် စခန်းတွေမှာ ရေနစ်သေဆုံးကြတာပါ။ ပျောက်ဆုံးနေတာတွေလည်း ရှိပါတယ်” ဟု UNHCR ၏ ပြန်ကြားရေးအရာရှိ Reuben Lim က ဆိုသည်။

ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့အနီးမှနေ၍ တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်း ပိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပျက်စီးမှုများအကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်တိုက်ထွက်ပေါ်နေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ ဒေသခံများ ခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှု ကြောင့် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု လွှတ် တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s