မုန်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ ၁၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေ သခံ ၁၃,၇၃၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို၏ မေလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

မေလ ၁၁ ရက်နေ့မှစ၍ မုန်းမြို့နယ်၊ ရေအိုးစင်ရွာ၊ မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာ(ပေါ်ပီဒဲ) များတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တပ်မဟာ(၃) KNLA တပ်ရင်း(၈) ပူးပေါင်း တပ်ဖွဲ့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ် သည် ကျောင်းစုကျေးရွာအတွင်း တပ်စွဲထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် မုန်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၁၃,၇၃၄ ဦး ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ကောင်စီတပ်စစ်ကြောင်းသည်လည်း ညောင်ပင်သာကျေးရွာမှစ၍မုန်းမြို့နယ် အတွင်းသို့ နေ့စဉ် လှည့်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မုန်းနယ်မှာဆိုရင် မုန်းမြို့အရှေ့ဘက်က မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစုကျေးရွာတွေကတော့ အရှေ့ဘက်တောင်ခြေတွေမှာ ပြောင်း ရွှေ့နေကြတယ်။ မုန်းမြို့မြောက်ဘက်ဆိုရင် အောင်းကြီး၊ ညောင် ပင်သာရွာကတော့ လူတွေမရှိတော့ပါဘူး၊ ရှောင်နေကြပါပြီ။ စစ်ကြောင်းက နေ့တိုင်း ညောင်ပင်သာ ကနေ မုန်းမြို့ထဲ လှည့်နေပါတယ်” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် မုန်းမြို့နယ် မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ စည်ပင်သာ၊ ရေအိုး စင်၊ ရေတွင်းဖြူ၊ မြောင်းဦး၊ ကော့ပြင်း၊ အောင်းကြီး၊ ညောင်ပင်သာ၊ ကျောက်ကြီးပေါက်ကျေးရွာများမှ ဒေသခံ ၁၃,၇၃၄ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး အမိုးအကာနှင့် စား နပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

“အခက်ခဲကတော့ နေစရာခက်ခဲတယ်။ စားစရာခက်ခဲတယ်။ အသက်လုပြီးထွက်ပြေးရတာကိုး။ အခု လောလောဆယ် စားစရာနဲ့ တာလပတ်အမိုးအကာတွေ လိုအပ်နေပါတယ်”ဟု ဒေသတွင်း စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အစားအသောက်နှင့် အမိုးအကာလိုအပ်ချက်များအပြင် မိုးတွင်းကာလဖြစ်၍ စစ်ဘေးရှောင်များ ဖျားနာ ခြင်း၊ ဝမ်းလျောခြင်း အဖြစ်များနေပြီး ဆေးဝါးလုံလောက်မှုမရှိ၍ ဆေးဝါးများ လိုအပ်နေသည်ဟုလည်း KNU နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကြောင်းတွင် တပ်မ(၉၉) လက်အောက်ခံ ခမရ(၁၅)၊ အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) လက်အောက်ခံ ခလရ(၈၄)၊ ဇရပ်ကြီးအခြေစိုက် ခလရ (၇၃) ၊ မုန်းမြို့အခြေစိုက် ခမရ(၅၉၉)၊ တပ်မ(၄၄) အခြေစိုက်တပ်ရင်းတို့မှ တပ်သားများ ပါဝင် ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေး ပင်ခရိုင်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရ သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s