မြင်းမူတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ထားဝယ်ရှိ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားဒဏ်ရာရရှိ ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်က မြင်းမူမြို့မှ မုံရွာမြို့သို့ မိုခါမုန်တိုင်းကို အသုံးချကာ အလစ် အငိုက်ထွက် လာသည့် အကြမ်း ဖက်စစ်သား အပြည့်လိုက်ပါလာသည့် ဂျန်ပါကားအပါအဝင် စစ်ကား အကြီး ၃ စီးကို မုံရွာ-မန္တလေး လမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန်ကျေးရွာ အကြားတွင် ရှေ့ထွက်ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ ဂျန်ပါ ကားကို တည့် တည့်ထိမှန်ခဲ့ပြီး ထိုးရပ်သွားကာ ကားဘေးတစ်ခြမ်းစုတ်ပြတ်ပျက်စီးခဲ့ကြောင်း သိရသည်။

“ခွေးတွေထွက်လာတယ်ဆိုလို့ မိုးရွာကြီးထဲ သွားပြီး ကြိုစောင့်နေတာ၊ မိုင်းဆွဲတဲ့အချိန်က မိုးက နဲနဲစဲ နေတယ်၊ ကားကို တည့်တည့်ထိမှန်တာဆိုတော့ ခွေးတွေအများအပြားဒဏ်ရတယ်ဗျ၊ သေစာရင်းတော့ မသိရဘူး၊ ကားရပ်သွးပြီးတော့ စက်လက်တအားရမ်းပစ်တာ၊ ကျနော်တို့ရဲဘော်တွေတော့ ထိခိုက်မှုမရှိခဲ့ ပါဘူး၊ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သမျှကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၁ မှ ဦးဆောင်ပြီး Myanmar Islamic Commando PDF ၊ မုံရွာခရိုင် တပ်ရင်း(၁၁) မိုင်းတပ်ခွဲ (၂) SGG ၊ Monywa Peacock Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေး ရွာရှိ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း ထားဝယ်ခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။

ရေဖြူမြို့နယ် အခြေစိုက် ခမရ ၄၀၆ တပ် ရင်းမှ အကြမ်းဖက်စစ်သားများသည် ထားဝယ်မြို့နယ်၊ မောင် မယ်ရှောင်ကျေးရွာ၌ တပ်စွဲကာ ဘု ရားမဲ့စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူလူထုကို ဒုက္ခပေးနေ သဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခွဲခန့်မှ ၉ နာရီခွဲခန့်အထိအပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၂ စစ် ကြောင်း၊ DGRF၊ ဧဒင်မှူး၊ Aline Force အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပြန်လည် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ ကာကွယ်ရေး ရဲဘော်၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s