မြဝတီမြို့နယ်၊ကျောက်တောင်ဒေသကို စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ကျောက်တောင်ဒေသအနီးတဝိုက်ကို ယနေ့ မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သွားပြီး ဒေသခံများ၏ တောင်ယာစိုက်ခင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

မြဝတီမြို့နယ် ကျောက်တောင် (ကျောက်မိုင်း) ဒေသအနီးတဝိုက်တွင် ယနေ့ မေလ ၁၇ ရက် နံနက်အစောပိုင်းမှစတင်၍လက်နက်ကြီး၊ လက် နက်ငယ် ပစ်ခတ်သံများကြားရပြီး နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံးကြဲသံကြားရကြောင်း မြဝတီမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

” မနက်အစောကတည်းက လက်နက်ကြီးသံတွေရော၊ သေနတ်သံတွေရော ကြားရတာပဲဗျ။ အဲ့ဒါတွေပြီးတော့ လေယာဉ်သံကြားတာ။ လေ ယာဉ်သုံးခါလာတယ်။ ဒီမနက်လည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” ဟု မြဝတီမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

နံနက် ၉ နာရီခန့်ကလည်း လက်နက်ကြီးပစ်ခတ်သံများကြားရသည်ဟု ဆိုသည်။စစ်ကောင်စီတပ်​၏ လေကြောင်းမှ ကြဲသော ဗုံးသီးများသည် မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်တောင်ဒေသအနီးတစ်ဝိုက်ရှိ ဒေသခံများ​၏ စိုက်ခင်းများဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။သို့သော် မိုးမလင်းခင်အချိန် ဒေသခံများ လုပ်ငန်းခွင်ဝင်ချိန်မဟုတ်၍ လူထိခိုက်မှုမရှိခဲ့ဟု သတင်းရရှိသည်။

မြဝတီမြို့နယ်၊ ကျောက်တောင်ဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင်ပါဝင်ပြီး KNL A၊ ကော်ဘရာစစ်ကြောင်း-၁၊ ကော်ဘရာစစ်ကြောင်း-၂၊ Federal Wings၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီတို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်က ကျောက်တောင် (ကျောက်မိုင်း) ဒေသကို စစ်ကြောင်းထိုးလာခဲ့ရာ တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့သည်။မေလ ၁၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့်ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့မှ ၁၁ ဦးခန့် သေဆုံး၍ ၃၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်တစ်ဦးကျဆုံး၍ ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Cobra Column က မေလ၁၄ရက်နှင့် ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၄နာရီခန့်ကလည်း ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊စောလုံကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အ ရပ်သားတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ယနေ့ညနေ ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာအချို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s