ရေဖြူမြို့ ၊ ကလိန်အောင် စစ်ကောင်စီ စစ် ဆေးရေးဂိတ်က လုပ်ငန်းသုံးကား မောင်းသူများကို နေရပ်လိပ်စာ တောင်းယူနေ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ယခု ရက်ပိုင်း အတွင်း လုပ်ငန်းသုံး သဲ/ကျောက်တင် ကားသမားများထံမှ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ အချက်အလက် အချို့ကို တောင်းယူ ကောက်ခံနေ၍ ယာဉ်မောင်းသူများ စိုးရိမ်နေကြောင်း သိရ သည်။
ကလိန်အောင်မြို့ အဝင်၊အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီ တပ်သားများက ယာဉ်မောင်းသမားများထံမှ နေရပ်လိပ်စာများကို တောင်းယူနေခြင်း ဖြစ်သည်ဟု ဒေသခံ ယာဉ်မောင်းများထံက သိရ သည်။
ကလိန်အောင်မြို့နေ အုတ်ကား ယာဉ်မောင်း တစ်ဦးက“အဓိကကတော့ အုတ်၊သဲနဲ့ ကျောက်တွေ တင်နေတဲ့ ကားတွေကို အချက်အလက်တွေ တောင်းယူတာပါ။ စစ်ကြောင်းထိုးတဲ့ အခါ ကားတွေကို အချောဆွဲဖို့ တောင်းတယ် လို့တော့ ထင်တယ်”ဟု ပြောသည်။
လက်ရှိတွင် အချက်အလက် တောင်းခံရသည့် ယာဉ်မောင်း ၁၀ ဦးခန့်ရှိနေပြီး ဖြစ်ကြောင်း လုပ်ငန်းသုံး ယာဉ်မောင်း အသိုင်းအဝိုင်းထံက သိရ သည်။
“ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာ တောင်းတဲ့ အချိန်မှာ ခြိမ်းခြောက် ခံရတာမျိုးတော့ ရှိတယ်။ အဲ့ဒါကတော့ သူတို့ ခေါ်တဲ့ အချိန်မှာ လာဖို့နဲ့ မလာရင် အိမ်တိုင်ရာရောက် လာဖမ်းမယ် ဆိုပြီး ပြောတာမျိုးတော့ ရှိတယ်”လို့ ယာဉ်မောင်းသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထိုယာဉ်မောင်း အချို့မှာ နေ့စဉ် သွားလာ လုပ်ကိုင်နေသည့် လုပ်ငန်းများကို ရပ်နားထားပြီး အလုပ် ဆက်လုပ်ရန် ကြောက်ရွံ့နေကြောင်း အ ဆိုပါ ယာဉ်မောင်းများထံက သိရသည်။
တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ သည် မြေပြင် ထိတွေ့ တိုက်ပွဲ အချို့တွင် အထိနာေနသည့်အတွက် စစ်ကြောင်းထိုးရာတွင် စစ် တပ် ထုတ် ဖောကားများကို အသုံး မပြုတော့ဘဲ ဒေသခံများ၏ ကျောက်တင်ကားများကို ချောဆွဲ အသုံးပြုသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဒေ သခံ သတင်း အရင်းမြစ်များထံက သိရသည်။ mizzima