ရေ၀င်ပျက်စီးခဲ့သောပုဂံဘုရားများအား ယခင်ခေတ်နည်းလမ်းများအတိုင်း ကော်ရည်အသုံး ပြုပြုပြင်ရန် စစ်ခေါင်းဆောင်မှာကြား

မိုခါမုန်တိုင်းမိုးကြောင့် ရေ၀င်နစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော ပုဂံဘုရားများအား ယခင်ခေတ်နည်း လမ်းများအတိုင်း ကော်ရည်သုံး၍ပြုပြင်ရန် စစ်ခေါင်းဆောင်ကမှာကြားသွားကြောင်း ၎င်း၏ပုဂံခရီးစဉ် အပြီး ထုတ်ပြန်ချက်အရ သိရသည်။

ယခင်ခေတ်က ဘုရားစေတီပုထိုးများတည်ဆောက်ရာတွင် အသုံးပြုသည့်ကော်ရည်ကို ဥသျှစ်သီး၊ တင်လဲ ရည်၊ အုတ်နီမှုန့်၊ သဲတို့ကို ရောစပ်အသုံးပြုသည်ဟုသိရှိရပြီး တာ၀န်ရှိသူများအနေဖြင့် ၎င်းကော်ရည် ဖျော်စပ်မှုကို ယခင်ခေတ်နည်းလမ်းများအတိုင်း အချိုးအစားအမျိုးမျိုးဖြင့် ဓာတ်ခွဲခြင်းများဖော်ဆောင် စမ်းသပ်ဆောင်ရွက်ရန်လိုကြောင်း၊ စမ်းသပ်မှုအောင်မြင်ပါက ရှေးဟောင်းဘုရားစေတီပုထိုးများကိုပြုပြင် ရာ၌ ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက မှာကြားခဲ့သည်။

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဖြစ်ပေါ်နေစဉ် ကျိုင်းတုံမြို့ရှိ မဟာဗောဓိစေတီထီးတင်ပွဲ ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင်သည် မုန်တိုင်းအပြီးနှစ်ရက်အကြာ မေလ ၁၆ ရက်နေ့က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အားအလွန့်အလွန်ကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မန္တလေးတိုင်း ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မေလ ၁၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

မုန်တိုင်းမိုးကြောင့် ထီးလိုမင်းလိုဘုရားနှင့်သပိတ်မှောက်ဘုရားအပါအ၀င် လေးမျက်နှာ၊ ရွှေစည်းခုံ၊ အာန န္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ဓမ္မရာဇက၊ ခေမင်္ဂ၊ ပုဂံမျှော်၊ ရွာဟောင်းကြီး ရွှေနန်းရင်တော့ ရှေးဟောင်းစေတီ များတွင် ရေ၀င်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဆင်ပေါင်းအုတ်ကျောင်းအပါအ၀င် ရှေးဟောင်းဘုရားနှင့် အဆောက်အအုံရှစ်ခု ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။

ပုဂံဘုရားပုထိုးစေတီများ ရေ၀င်နစ်မြုပ်ထိခိုက်ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ခြင်းမရှိခဲ့သဖြင့် ပျက်စီးမှုအများအ ပြားဖြစ်ရကြောင်း ဝေဖန်မှုတို့ရှိနေသည်။

စစ်ခေါင်းဆောင်သည် ပုဂံခရီးစဉ်အတွင်း သာသနိကအဆောက်အအုံများသို့ လှည့်ပတ်ကြည့်ရှုခဲ့ပြီး ပုဂံ ကို ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်း သိမ်းဆောင်ရွက်ရန်လည်းမှာကြားသွားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s