ကနီမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ် တပ်ကို ၇ ရက်တာ ခုခံတိုက်ခိုက်မှုအတွင်း စစ် တပ်ဘက်မှ စစ်ကြောင်းမှူးတစ်ဦး အပါအ ဝင် သေဆုံးမှု များပြား ၊ PDF ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို PDF တပ်များက ခုခံတိုက်ခိုက်ခဲ့ရာ မေလ ၁၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် စစ်သား ၆၀ အထက်သေဆုံးကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်တပ်က မေလ ၁၁ လက်နေ့မှ စတင်ကာ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးမှ အင်အား ၂၀၀ခ န့်ဖြင့် ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်၊ မေလ ၁၂ ရက်နေ့တွင် ဘန့်ဘွေး(ပျူ)စခန်းမှ ထွက်လာစဉ် တစ်ကြိမ်၊ မေလ ၁၃ ရက်နေ့တွင် တွင်းကျေးရွာနှင့် ယကန်းတိုင်ကျေးရွာတွင် နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင်မေလ ၁၄ ရက်နေ့တွင် ကနီမြို့နယ်၊ မင်းမကျေးရွာအနီး၌ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်က တံတားဦးလေတပ်မှ တိုက်လေယာဉ် တစ်စီးဖြင့် နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်တွင် ဗုံး ကျဲ စစ်ကူပေးသည့်အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်( နမခ) အမြောက်တပ်မှလည်း ဟောင်ဝှစ် ဇာ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၅ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှ စစ်ကူပေးရန် တက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်သားများကို တွင်းကျေးရွာအနီးခုခံတိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၁၆ ရက်နေ့တွင် လည်း မင်းမရွာမှ နောက်ကြောင်းပြန်ဆုတ်သော အကြမ်းဖက်စစ်သားများကို မင်းမရွာ အရှေ့တွင် ထပ် မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သေဆုံးစစ်ခွေးတွေကို နေအိမ် ၅ လုံးထဲအပြင် ဘုန်းကြီးကျောင်းဝင်းထဲမှာပါ မီးရှို့ထားခဲ့တာ၊ ၁၄ ရက် နေ့က မုန်တိုင်းဖြစ်နေတဲ့အချိန်ကြီး လေယာဉ်နဲ့ တစ်ကြိမ်ဗုံးလာကျဲတယ်၊ မနေ့က တစ်ကြိမ်လာကျဲ တယ်၊ စစ်ကြောင်းမှူးပါသေတော့ လေယာဉ်နဲ့လာချတာ၊ အခုလည်း ဘန့် ဘွေးရွာကနေ အင်အား ထပ်ဖြည့် ပြီး အင်အား ၁၀၀ ကျော်လောက်နဲ့ ဆက်ပြီး စစ်ကြောင်းထိုးနေတယ်၊ လည်ရှည်ရွာက ပြည်သူ ၄၀ လောက် ကို လူသားဒိုင်းဖမ်းပြီး စစ် ကြောင်း ဆက်ထိုးနေတာ” ဟု ကျောက်လုံး ကြီး KLG တပ်မဟာ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကနီမြို့နယ်၊ ချောင်းမကျေးရွာကို အကြမ်း ဖက်စစ်တပ် က Yak 130 တိုက်လေယာဉ် ၂ စီး ဖြင့် ဗုံးကျဲချခဲ့ရာ ချောင်းမရွာ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၃ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။

နေ့စဉ်ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၆၀ အထက်သေဆုံးကာ စစ်သား ၃၀ ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို KLG PDF ၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ၊ နဂါးညီနောင် ၊ ယင်းမာပင် PDA ၊ MPDF ကနီတပ်ခွဲ ၊ ဗျတ္တညီနောင် ၊ Triple Two ၊ ချင်းတွင်းဂဠုန်ရာဇာ ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Spring Guerrilla Platoon ၊ ချိုမိုင်မိုင် ၊ Alpha special force ၊ ချင်းတွင်းတိုက်ဂါး၊ B 21၊ ဆရာစံ တပ်ရင်း ၁ ၊ တပ်ရင်း ၂ နှင့် ကနီ ယင်းမာပင် ဆားလင်းကြီး မုံရွာ စသည့်မဟာမိတ်ညီနောင်များ ပူးပေါင်း တိုက်ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်က ဘန့်ဘွေး(ပျူ)ရွာမှ အင်အားထပ်ဖြည့်ကာ လည်ရှည်ကျေးရွာမှ ပြည် သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ချောင်း မရွာဘက်သို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း၊ ထို့ကြောင့် ဆက်လက်ခုခံတိုက်ခိုက်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုလိုအပ်လျက်ရှိပြီး ကျည်တစ် ထောင့်ဖိုးတတ်နိုင်သည်ဖြစ်စေ နိုင်သည့်နေရာမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် ကျောက်လုံးကြီး KLG PDF က မေတ္တာရပ်ခံထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s