ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်နှစ်ဦး မြွေကိုက်ခံရ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ဘေးရှောင်နှစ်ဦး မြွေကိုက် ခံခဲ့ရခြင်းကြောင့် ဆေးကုသမှုပေးနေရကြောင်း ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့် ဘလူခရိုင်မှ ထုတ်ပြန်ထားသည်။
မေလ ၁၂ ရက်နေ့တွင် ဇီးကုန်းတိုက်နယ်မှ အသက်(၁၇)နှစ်အရွယ် စစ်ရှောင်ယောက်ျားလေးတဦးနှင့် မေလ ၁၅ ရက်နေ့တွင် ချပ်သင်းတိုက်နယ်မှ အသက်(၅၃)နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက် ခံရကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“စစ်ကြောင်းကဆက်ထိုးနေတော့ ပြေးနေရတုန်းပါ။ ကျွန်တော်တို့တိုက်နယ်မှာ ပိုးထိတဲ့သူ ၁၀ ယောက် လောက်ရှိပြီ တစ်ယောက်ကတော့ဆုံးသွားတယ်” ဟု ဇီးကုန်းတိုက်နယ်မှဒေသခံတဦးက မဇ္ဈိမကိုပြော ကြားသည်။
ဇီးကုန်းတိုက်နယ်မှ (၁၇)နှစ်အရွယ် ယောက်ျားလေးအား အိန္ဒိယမြွေဆိပ်ဖြေဆေး ၁၂ လုံးထိုးပေးခဲရပြီး ချပ်သင်းတိုက်နယ်မှအသက်(၅၃)နှစ်အရွယ်အမျိုးသမီးအား BPI မြွေဆိပ်ဖြေဆေးလေးလုံးထိုးပေးခဲ့ ကြောင်း ဒေသခံများကဆိုသည်။
၎င်းတို့နှစ်ဦးလုံးမှာ စောင့်ကြည့်ရသည့်ကာလကျော်လွန်၍ အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း သိရ သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုး ကိုက်ခံခဲ့ရပြီး အသက်ရှစ်နှစ်အရွယ်ကလေးငယ်နှင့် အသက်(၅၃) နှစ်အရွယ်လူကြီးတဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေမှု များကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်း၌ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်ရှိလာပြီဖြစ် ကြောင်း ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ ထုတ်ပြန်ထားသည်။ mizzima