ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် အ ဆောက်အဦ ၁,၈၀၀ ကျော် ပျက်စီး

ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦ များ၊ ကျန်းမာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် စပါးကျီများအပါအဝင် အဆောက်အဦ ၁,၈၅၇ လုံး ပျက်စီးခဲ့ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်အတွင်း မြို့နယ် ရှစ်မြို့နယ်မှ နေအိမ်များ၊ စပါးကျီများနှင့် အဆောက်အဦများ အမိုးလန်ပြိုကျပျက်စီးခြင်းဖြစ်ပွားခဲ့ပြီး ကျေးရွာချင်းဆက်လမ်းများလည်း မြေပြိုပြီးပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းဆိုသည်။

ICNCC ၏ ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန်၊ တီးတိန်၊ ဟားခါးမြို့နယ်များတွင် နေအိမ် ၁,၇၇၄ လုံး ၊ ဘာသာရေးအဆောက်အဦ ၂၉ လုံး ၊ ကျန်းမာရေး အဆောက်အဦ ငါးလုံး၊ စာသင်ကျောင်း ၃၀ နှင့် စပါးကျီ ၁၉ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး တွန်းဇံ မြို့နယ်မှ ထိခိုက်ပျက်စီးမှုများ ပါဝင်လာခြင်း မရှိသေးပေ။

ယခုပျက်စီးမှုအရေအတွက်သည် မေလ ၁၇ ရက်နေ့အထိ ဒေသအသီးသီးမှ ပေးပို့တင်ပြလာသော ထိခိုက် ပျက်စီးမှုစာရင်းများကို စုစည်းထားခြင်းဖြစ်ပြီး ပျက်စီးမှုအရေအတွက် ထပ်တိုးလာနိုင်ကြောင်းလည်း ဆို သည်။

“လောလောဆယ်ရရှိထားတဲ့ စာရင်းဇယားကို အခြေခံပြီးစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာနကို တင်ပြထားလိုက်ပါပြီ။ မကြာခင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်မယ်လို့ မျှော်လင့်ပါ တယ်”ဟု NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဒုဝန်ကြီး ဒေါက်တာငိုင်တမ်မောင်က မဇ္စျိမကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို အစောဆုံးလက်နက်ကိုင်တော်လှန်ခဲ့သည့် ချင်းပြည်နယ်ကို အင်တာ နက်နှင့် ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားသဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူခြင်းနှင့် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ရာတွင် များစွာအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ပျက်စီးသွားသော နေအိမ်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ရန် သွပ်၊ အိမ်ရိုက်သံ၊ မိုးကာ နှင့် တာလပတ်များအပြင် မုန်တိုင်းဒဏ်သင့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အခြေခံဆေးဝါးများ လည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s