တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာ အကြားတွင် မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီ အချိန်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ တနင်္သာရီမြို့နယ် ဇဝဲဘက်မှ ဘန်းလမွတ်ရွာသို့ စစ်ကြောင်း ထိုးလာစဉ် တောဗုံးကြီးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရ သည်။
“သူတို့က ကင်းပုန်းဝတ်နေတဲ့အဖွဲ့တွေပါ စစ်ကြောင်းထွက်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ် တယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သ တင်းပေးပို့ ချက်အရသိရသည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးစဉ် မကြာခဏ တိုက်ခိုက်ခံ ရသည့်နေရာလည်းဖြစ်သည်။
“ဒီရွာနားမှာက စစ်ကောင်စီတပ်နဲ့ PDF တွေအကြား တိုက်ပွဲအမြဲဖြစ်နေတော့ ဒေသခံတွေ ရွာထဲမှာ မရှိပါ ဘူး”ဟု ဘန်းလမွတ်ရွာခံ စစ်ရှောင်တဦးကပြောသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ဖြစ်သလို နှစ်ဖက် ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသည့် ဒေသဖြစ်သည်။ mizzima