တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ကြောင်း ကနဦးသိရ

ပဲခူးတိုင်း၊ တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ အကျဥ်းထောင်၌ ရုံးထုတ်ပြီး ပြန်လာသည့် အကျဥ်းသား ၃ ဦးက ထွက်ပြေးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦးလုံး ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။

” လွတ်သွားတာက ရုံးထုတ်ပြီး ပြန်သွင်းတဲ့အချိန်မှာ သေနတ်လုပြီး ထွက်ပြေးတာကနေ ပစ်ခတ်မှုဖြစ်ပြီး လွတ်သွားလို့ သိရတယ်။ မော်လမြိုင်က သေမိန့်ကြပြီးသား ၃ ဦးလို့လည်းပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အခု စစ်ခွေးတွေပါ ရောက်နေပြီး ရမ်းကားနေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s