ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၁ နယ်မြေတွင် စုဖွဲ့ထားသော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၃ ရက်နေ့တွင် KNU တပ်မဟာ ၅ ဘက်မှ သထုံမြို့နယ်၊ မဲပလီကျေးရွာကိုဘက်သို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်တပ်က စစ်ကြောင်း တိုက်ခိုက်လာခဲ့ကြောင်း ၊ အဆိုပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အများအပြား သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် မေလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် မဲပလီကျေးရွာဘက်မှ နတ်ကြီး ကျေးရွာ ဘက်သို့ ဆင်းလာသော စစ်တပ်ဗျူဟာစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်း သိရှိရသည်။

“မဲပလီမှာက မေလ ၁၃ ရက်နေ့မှာ စပစ်တယ်၊ ထိခိုက်မှုတွေရှိတယ်၊ ပြီးတော့ ၁၅ ရက်နေ့မှာက ကြား ဖြတ်တိုက်ခိုက်တာပေါ့၊ မဲပလီကနေ နတ်ကြီးဘက်ကို ဆင်းတဲ့အဖွဲ့တွေကို ပြီးတော့ ၁၆ ရက်နေ့မှာ လည်းကြားဖြတ်တိုက်ခိုက်တယ်၊ ဒီ သုံးလေး ရက်အတွင်းတိုက်ပွဲမှာတော့ သူတို့ဘက်က ၂၅ ယောက် လောက်သေပြီးတော့ ၂၀ လောက်ဒဏ်ရာရတယ်၊ ကျနော်တို့ ပူးပေါင်းအဖွဲ့ကတော့ တစ်ဦးအနည်းငယ် ဒဏ်ရာရတယ်၊” ဟု PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို KNLA၊ သူရိယစစ်ကြောင်း နှင့် တောကျီးကန်းစစ်ကြောင်းတို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာ အနီးတဝိုက်တို့၌ တိုက်ခိုက် ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် အကြမ်းဖက်စစ်တပ်က အစူးချောင်းရွာသား ၄ ဦးကို ဖမ်းဆီးကာ ဓားစာခံအသုံးပြုမှုရှိခဲ့ကြောင်း၊ နတ်ကြီးကျေးရွာအရောက်တွင် ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် အစူး ချောင်းကျေးရွာ၊ မဲပလီကျေးရွာအပါအဝင် အနီးတဝိုက်ရှိ ပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေး တိမ်း ရှောင်နေခဲ့ရကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s