မတ္တရာတွင် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်း ဆီးပြီး ခြေထောက် ရိုက်ချိုး၍ ပစ်သတ်၊ စဉ့်ကူးတွင်လည်း စစ်တပ် ပစ်ခတ်သော လက် နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ်က ဒေသ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ခြေထောက် ရိုက်ချိုး၍ ပစ်သတ်ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ အောက်တောင်ကိုင်းရွာနှင့် ဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်းက မေလ ၁၀ ရက်နေ့တွင် အောက်တောင်ကိုင်းရွာရှိ နေအိမ် ၃ လုံးကို ဖျက်ဆီး၍ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ ဥဒိန်ရွာကိုလည်း မေလ ၁၁ ရက်နေ့တွင် ဝင်ရောက်၍ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ‌မေလ ၁၂ ရက်နေ့တွင် ဥဒိန်ရွာမှ ထွက်ခွာပြီး လမ်းတွင် ဖမ်းဆီးထားသူများထဲမှ ပြည်သူ ၁ ဦးကို ပြန်လွှတ်ပြီး ပြည်သူ ၂ ဦးကို ခြေထောက်များ ရိုက်ချိုး၍ ရွာတော်ကြီးရွာ အနောက်မြောက်ဘက် ချောင်းစပ်တစ်နေရာတွင် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသူတွေ နာမည်မသိရသေးပါဘူး။ ရုပ်အလောင်းတွေက အခုထိ မသင်္ဂြိုဟ်ရသေးဘူးဗျ” ဟု Wetlet Information Network မှ တာ ဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွာတော်ကြီးရွာမှ မြောက်ဘက်သို့ ထွက်ခွာ၍ သူရဲဇက်ရွာတွင် လက်ရှိတပ်စွဲနေကြောင်း ဒေ သပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် မေလ ၁၅ ရက်နေ့တွင် စဉ်ကူးမြို့နယ် ရေတော်ရွာနှင့် ခွေးကျွန်းရွာနားတွင် လက်နက်ကြီးများ တပ်ဆင်၍ ‌အနောက်ဘက်သို့ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ထီးကုန်းရွာနှင့် သာယာဝတီရွာကြီးရှိ ထီးကုန်းဘုန်ကြီးကျောင်းထဲသို့ လက်နက်ကြီး ကျ၍ ပြည်သူ ၂ဦးသေးဆုံးခဲ့ပြီး ပြည်သူအချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Information Network ထံမှ သိရှိရသည်။

“လက်နက်ကြီးနဲ့ တစ်ဖက်သတ်ရမ်းပစ်တာပါ။ တိုက်ပွဲဲမဖြစ်ပါဘူး။ ပြည်သူတွေ ထိမှန်တာပဲ သိရတယ်။ သေဆုံးနာမည်တွေ မသိရသေးပါဘူး” ဟု Wetlet Information Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s