မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော ကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော​ကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့နယ်၊ မြေနဲကျေးရွာ စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သာသနာ့ နယ်မြေ အတွင်း လက်နက်ကြီးကျည် ကျရောက်ကာ ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

” လူထိခိုက်မှုတော့ မရှိဘူး။ သာသနာ့ နယ်မြေ အတွင်း ကျရောက် ပေါက်ကွဲပြီး ဘုရားစေတီနဲ့ ကျောင်းဆောင်အချို့ ပျက်စီးခဲ့တယ်” ဟု မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s