မုံရွာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ် သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် လှည့်ကင်းကားကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာ ခရိုင်တပ်ရင်း ၂၂-နတ်ဆိုးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အိမ်စီးကားဖြင့် မုံရွာမြို့ ဗိုလ်တေဇ လမ်းပေါ် ကင်းပတ်လာသည့် စစ်သား များကို မိုင်းဆွဲ တိုက်ခိုက်ရာ ကားကို ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျွဲရဲ အဝိုင်းပတ်ရှိ စစ်သားများကို အလစ်အငိုက် ပစ်ခတ်ရာ ထိခိုက်မှုရှိပြီး သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

မေလ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဗိုလ်ချုပ်လမ်းနှင့် အမြင့် လမ်းဆုံရှိ လဝက ရုံးဟောင်း၌ တပ်စွဲထားသော စစ်သားများသည် အရှေ့ဘက်သို့ ခြေလျင်တက်လာစဥ် ဘိုးဘွာရိပ်သာ မြောက်ဘက် လျှပ်စစ် တာဝါတိုင်းအနီး တော်လှန်ရေးတပ်ဖွဲ့များက ကားဖြင့် ဝင်‌ရောက် ပစ် ခတ်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာ ခရိုင်တပ်ရင်း ၂၂ – နတ်ဆိုးတပ်ရင်း၏ အထူး ကွန်မန်ဒို တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယနေ့ မေလ ၁၇ ရက်နေ့၌ မုံရွာမြို့ ပေါ်တွင် အစစ်အဆေးပိုမို တင်းကျပ်ထားကြောင်း မုံရွာ ခရိုင်တပ်ရင်း ၂၂-နတ်ဆိုးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s