မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ ဦးရှိပြီး စိုက်ပျိုးမြေ ၄၂၅၁၇ ဧက ပျက်စီး ဆုံးရှုံးဟု NUG တရားဝင်ထုတ်ပြန်

မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မေလ ၁၇ ရက်နေ့ အထိ စာရင်းအရ သေဆုံးသူ ဦးရေ ၄၅၅ ဦးအထိ ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောသည်။

မုန်တိုင်းကြောင့် သေဆုံးသူများမှာ ရခိုင်ဒေသတွင် အများဆုံးဖြစ်ပြီး ၄၃၁ ဦးအထိ ရှိကြောင်း၊ စစ်ကိုင်းတိုင်းတွင် ၄ ဦး၊ မကွေးတိုင်းတွင် ၁၅ ဦး၊ ရန်ကုန်တိုင်းတွင် ၁ ဦး၊ ဧရာဝတီတိုင်းတွေ ၁ ဦး၊ မန္တလေးတိုင်းတွင် ၁ ဦး၊ ရှမ်းပြည်နယ်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။

ထို့ပြင် မိုခါ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် အဆောက်အအုံ ၄၉ ခု၊ လမ်း၊တံတား၊မီးတိုင် ၂၆ ခု၊ စိုက်ပျိုးမြေ ၄၂၃၀၀ ဧကဆုံးရှုံးခဲ့ရကြောင်း၊ မကွေးတိုင်းတွင်မူ မြို့နယ် ၁၁ မြို့မှ အဆောက်အအုံ ၉၁ ခု၊ လမ်း၊တံတား၊မီးတိုင် ၈ ခု ၊ စိုက်ပျိုးမေ ၂၁၇ ဆုံးရှုံးခဲ့ရကြောင်း၊ ချင်းပြည်နယ်တွင်မူ မြို့နယ် ၈ မြို့နယ်မှ အအောက်အုံ ၁၄၂၈ ခု ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေ ၁၃,၀၀၀,၀၀၀ ကျပ် ၊ ချင်း ပြည်နယ်အတွက် ကနဦးထောက်ပံ့ငွေ ၁၀,၀၀၀,၀၀၀ ကျပ်၊ ဘင်္ဂလားဒေ့ရှိနိုင်ငံ ကော့ဘဇားရှိ ထိခိုက်လွယ်မိသားစု ၁၄၀ စာ Cyclone Emergency Preparedness Kits များအတွက် ၇,၆၀၀,၀၀ ကျပ်၊ မကွေးတိုင်းတွင် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အသက်ဆုံးပါးသွားသည့် ကျန်ရစ်သူမိသားစုဝင်များကို ထောက်ပံ့ရန် ကျပ်သိန်း ၁၉,၉၀၇,၀၀၀ ၊ စစ်ကိုင်း တိုင်းတွင် အရေးပေါ် စား နပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ကျပ်သိန်း ၁၃,၄၅၀,၀၀၀ ၊ ရန်ကုန်တိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၁ ဦးကို ထောက်ပံ့ရန်အတွက် ကျပ် ၁၀၀,၀၀၀ ကို မေလ ၁၇ ရက်နေ့အထိ လူသားစာနာကိစ္စရပ်များအတွက် ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရသည်။

လက်ရှိမြေပြင်တွင် ရိုဟင်ဂျာများ မုန်တိုင်းကြောင့် သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် ဆက် လက်စုံစမ်းနေဆဲဖြစ် ကြောင်း သိရှိရသည်။

“သေဆုံး ရိုဟင်ဂျာစာရင်းကို ကျောင်းသားလူငယ်တွေနဲ့ ပရဟိတ လူငယ်တွေက ကြိုးစားပြီးတော့ စာရင်းကောက်နေတယ်။ အခုထိ အားလုံးမ​ပြီးသေးပါဘူး။ ခန့်မှန်းအားဖြင့် သေဆုံးသူ ၅၀၀ နီးပါဖြစ်ဖို့လို့ များနေပါတယ်။ အခုလက်ရှိတော့ ကောက်နေတုန်းပါ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s