ရုရှား၊တရုတ်အပါအဝင် ၅ နိုင်ငံက စစ်ကောင် စီကို ဒေါ်လာ ၁ ဘီလီယံတန် “သေ မင်းတမန်ကုန်သွယ်မှု” လက်နက်များရောင်း

အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီက ဒေါ်လာ တစ်ဘီလျံတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများကို ရုရှား၊တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်းတို့မှ တင်သွင်းဝယ်ယူထားဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ တင်ပြသော အစီရင်ခံစာသစ်တစ်ခုအရ သိရသည်။

ရုရှားမှ ဒေါ်လာ ၄၀၆ သန်း၊ တရုတ်မှ ဒေါ်လာ ၂၆၇ သန်း၊ စင်ကာပူမှ ဒေါ်လာ ၂၅၄ သန်း၊ အိန္ဒိယမှ ဒေါ်လာ ၅၁ သန်း၊ ထိုင်းမှ ဒေါ်လာ ၂၇ ဒသမ ၇ သန်းဖိုး တင်သွင်းခဲ့သည်ဟုဆိုသည်။

တင်သွင်းခဲ့သည့် စစ်လက်နက်ပစ္စည်းများမှာ Su-30၊ MiG 29၊ Yak 130 လေယာဉ်များ၊ MI-35 ရဟတ်ယာဉ်များ၊ ရေဒါစနစ်များ၊ ဂျက်အင် ဂျင်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တင့်ကားများ အဆင့်မြှင့်တင်မည့် စက်ပစ္စည်းများ၊ အဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ထောက်လှမ်းရေးဒရုန်း နှင့် တိုက်ခိုက်ရေးဒရုန်းများ၊ ရေတပ်အတွက် ထောက်လှမ်းရေးရေဒါများ၊ ကမ်းရိုးတန်းစောင့်ကြည့်စနစ်များ၊ ၁၂၂ မမ အမြောက်ပြောင်းများ၊ ဗုံးနှင့်လက်နက်ကြီးများတွင် အသုံးပြုသည့် သတ္တုပစ္စည်းများ၊ စစ်လက်နက်ထုတ်လုပ်သည့် ကုန်ကြမ်းအပိုပစ္စည်းများ အစရှိသည်တို့ ပါဝင်သည်။

” မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေပုံအောထနေပေမဲ့လည်း ဗိုလ်ချုပ်ကြီးတွေဟာ ခေတ်မီလက်နက်တွေကို ဆက်ရနေတုံးပဲ၊ တိုက်လေယာဉ်အပိုပစ္စည်းတွေ၊ ကုန်ကြမ်းတွေနဲ့ ပြည် တွင်း လက်နက်ထုတ်လုပ်ရေးအတွက် ပစ္စည်းကိရိယာတွေပေါ့” ဟု တွမ်အင်ဒရူးက ပြောသည်။

” ဥပဒေစိုးမိုးမှု ထိထိရောက်ရောက်မလုပ်နိင်တာကိုထဲ့တွက်ပြီး အသစ်တွေထောင်လို့ ရှေ့မှာ ဗန်းပြထားတဲ့ ကုမ္ပဏီတွေကိုသုံးပြီး ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားလို့ အဲဒီလက်နက်တွေဆက်ပေးနိုင်တာဖြစ်တယ်”ဟု သူကပြောသည်။

ဒေါ်လာ တစ်ဘီလျံကျော်၏ ရာခိုင်နှုန်း ၉၀ ကျော်အား စစ်တပ် လက်အောက်ခံ စစ်လက်နက်ဝယ်ယူရေးညွန်ကြားမှုဦးစီးဌာန၊ လေတပ်ရုံး အစရှိသည့်ဌာနများက ပစ္စည်းများကိုတိုက်ရိုက်လက်ခံ ခဲ့ပြီး ကျန်ရာခိုင်နှုန်းများကို ယင်းနိုင်ငံများတွင် လုပ်ငန်းလည်ပတ် နေသည့်ကုမ္ပဏီများထံမှ ဝင်ရောက်လာခြင်းဟု အစီရင်ခံစာတွင် ဖော်ပြသည်။

လက်နက်ပစ္စည်းများအတွက်ကုန်ကြမ်းများမှာ ပြည်တွင်းရှိ စစ်တပ် လက်အောက်ခံ စက်ရုံများအတွက် ဝယ်ယူထားခြင်းဖြစ်ပြီး ဒေါ်လာ ၆၀၁ သန်းဖိုးမှာ အသင့်သုံး လက်နက်များဝယ်ယူခြင်းဖြစ်သည်။

အစီရင်ခံစာကို “သေမင်းတမန်ကုန်သွယ်မှု”ဟု အမည်ပေးထားပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ သေဆုံးခဲ့သည့် ပဇီကြီးရွာ လေ ကြောင်းတိုက်ခိုက်မှုကိုလည်း ဖော်ပြထားသည်။

အစီရင်ခံစာအရ ဂျက်လေယာဉ်၊ ဂျက်တိုက်လေယာဉ်များကို ရုရှား နှင့် တရုတ်ထံမှ အများဆုံးဝယ်ယူခဲ့ပြီး အခြားနိုင်ငံများမှ စစ်လက်နက်အပို ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့သည်ကို တွေ့ရသည်။

ရှိရင်းစွဲပိတ်ပင်တားမြစ်မှုကိုထိရောက်စွာအရေးယူနိုင်ရေးနှင့် လက်နက်ကုန်သည်များ နှင့် နိုင်ငံခြားငွေအရင်းအမြစ်များကို ပိတ်ဆို့အရေးယူမှုများချိတ်ဆက်​ဆောင်ရွက်ကာ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှုလုံး၀မလုပ်နိုင်ရေး အလုံးစုံပိတ်ပင်မှုလုပ် ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုတောင်းဆိုလိုက်သည်။

အစီရင်ခံစာအရ ဖေဖော်ဝါရီ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ ပစ္စည်းများကို ဒါဇင်နှင့်ချီသောကုမ္ပဏီများက စင်္ကာပူနိုင်ငံမှသည် စစ်ကောင်စီတပ်သို့ တင်ပို့ခဲ့သည်ပါရှိသည်။ လက်နက်ကုန်သည်များက စင်္ကာပူဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s