လေးလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၀ ကျော်ဖြစ်ပွား

၂၀၂၃ ခုနှစ် ပထမလေးလအတွင်း မြို့နယ် ၁၁၅ ခုတွင် တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP Myanmar)မှ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်မှု ပြန်များလာကြောင်း ဖော်ပြထားသည်။

“ဒီအထဲကမှ ၅၈ ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင်(EAOs)နဲ့ ဒေသခံကာကွယ်ရေးတပ် (PDFs)တွေရဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြားဖြစ်ခဲ့တာပါ။ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်အကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အရေအတွက်အများဆုံးကို ပြန်ရောက်ခဲ့တာလည်းဖြစ်ပါတယ်” ဟု ISP Myanmar က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၀၀ ကျော်အထိရှိလာပြီဖြစ် ကြောင်းလည်း ISP Myanmar ၏ စာရင်းအရ သိရသည်။

ထိုနှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံအတွင်းမြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက်မှ ၂၀၅ မြို့နယ်တွင် တိုက်ပွဲ များဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး ၅၄ ရာခိုင်နှုန်းမှာ ကရင်ပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကိုင်းတိုင်း တွင် ဒုတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ရှိနေပြီး ယခုနှစ် ပထမလေးလပတ် ကာလအတွင်း မြို့နယ် ၅၆ ခုထက်မနည်းတွင် လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်းရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၆၉၀ ကျော် သေဆုံးခဲ့ကြောင်းတွေ့ရသည်။

၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်အရေ အတွက်လည်းတိုးလာပြီး ယခုနှစ် ပထမလေးလပတ်အတွင်း နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၆၈၂,၃၄၄ ဦးထက်မနည်းတိုးလာကြောင်းလည်း ISP Myanmarက ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန် ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s