“ဟား၅ ကောင်” ၁၀ နှစ်ပြည့် အထိမ်းအမှတ် နွေဦးအောင်ပွဲ အငြိမ့်သဘင်ဗီဒီယိုကို ကမ္ဘာတစ်ဝန်းပြသ၍ တော်လှန်ရေး ရန်ပုံငွေ ရှာမည်

နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲ အဖြစ် ဟား ၅ ကောင် အငြိမ့်သဘင် ၁၀ နှစ်ပြည့် အထိမ်းအမှတ် နွေဦးအောင်ပွဲ အငြိမ့်ဗီဒီယိုကို ကမ္ဘာတစ်ဝန်းပြသ၍ တော်လှန်ရေး ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှစ၍ စစ်အာဏာရှင် တော်လှန်ရေးတွင် တစိုက်မတ်မတ်ပါဝင်နေသော ဟားငါး ၅ ကောင်အငြိမ့်သ ဘင်အဖွဲ့က အနုပညာသက်တမ်း ၁၀ နှစ်ပြည့် အထူးအငြိမ့်သဘင်ကို We Love Motherland (MM) အဖွဲ့၏ ကူညီအားဖြည့်မှုဖြင့် လွတ် မြောက်နယ်မြေတွင် ခက်ခဲစွာရိုက်ကူးပုံဖော်ခဲ့ကြကြောင်း၊ အသစ် စက်စက်ရိုက်ကူးထားသော နွေဦးအောင်ပွဲအမည်ရှိ အဆိုပါအငြိမ့်ဗီဒီယိုဖိုင်လေးအား ကမ္ဘာတစ်ဝန်းတွင် တော်လှန်ရေးအတွက် ကူညီအားဖြည့်နေကြသော CRPH-OFP အဖွဲ့များနှင့် ချိတ်ဆက်ကာ ပြသရန် စီစဉ်လျက်ရှိပြီး ပထမဦးဆုံးပွဲအဖြစ် မလေးရှားနိုင်ငံတွင် စတင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံတွင် ကျင်းပမည့် နွေဦးအောင်ပွဲ အငြိမ့် ဗီဒီယိုပြသမှု ပွဲစဉ်သို့ အထူးဧည့်သည်တော်များအဖြစ် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဒေါက် တာမီမီဝင်းဘတ်နှင့်အတူ စာရေးဆရာမ မရွှေမိုး(ကိုရီးယား)တို့ တက်ရောက်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးအတွက် ဝိုင်းဝန်းကူညီနေကြသော မလေးရှားနိုင်ငံရောက် မြန်မာပြည်သူပြည်သားများနှင့် တွေ့ဆုံကာ Talk Show အစီအစဉ်အဖြစ် ဆွေးနွေးတင်ဆက်မည့် အစီအစဉ်လည်းပါဝင်မည်ဖြစ်ကြောင်း၊ ဟား(၅)ကောင်အငြိမ့်သဘင်အဖွဲ့၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲအား ဂုဏ်ပြုသောအားဖြင့် အမှတ်တရကံစမ်းမဲအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

မကြာမီအချိန်အတွင်း နွေဦးအောင်ပွဲ အငြိမ့် လက်မှတ်များကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s