ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် အကြမ်းဖက် စစ်တပ် ခမရ ၃၆၈ တပ်နှင့် လက် အောက်ခံ ပျူစောထီး များပျူစောထီး အင် အား ၁၅၀ ခန့်ဖြင့် ဆူးတပ်ကျေးရွာအား လက်နက်ကြီး ၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်မည်မျှ ပြာကျ ပျက်စီး ဆုံးရှုံးခဲ့သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“အခုတော့ ခွေးတပ်က ရွာကနေ ထွက်သွားပြီး သကြားစက်ဘက် ရောက်နေတယ်။ ဓားစာခံပြည်သူ တွေလဲ မလွတ်သေးဘူးလို့ကြာတယ်။ အတိအကျ မသိရသေးဘူး။ လှည့်ပတ်မွှေပြီး ပြည်သူပိုင်ပစ္စည်း ရွှေ၊ ငွေနဲ့တန်ဖိုးရှိတာတွေလှည့်ပတ်ခိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ် ဦဂက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေး ရွာများအား စစ် ကြောင်းထိုးဝင်ရောက်ကာ ဇီးကုန်းတိုက်နယ်၊ မကျီးကုန်းကျေးရွာကို မီးရှို့ ဖျက်ဆီးပြီးနောက် ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဆူးတပ်ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ နံနက် ၈ နာရီ ၁၂ မိနစ်ခန့်မှ စတင်၍ မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသော ဆူးတပ်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်တပ်က ပထမ အကြိမ် မီးရှို့ ဖျက် ဆီးခဲ့ပြီး နေအိမ် ၅၆ လုံးမီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့တွင် ထန်းကုန်းတိုက်နယ်၊ကျေးပင်အက်ရွာသို့ အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ခဲ့သော စစ်တပ် လက်အောက်ခံခြေမြန် တပ် ရင်း-၃၆၁ စစ်ကြောင်းသည် ကျေးပင်အက်ရွာမှ ပြည်သူပိုင်အဖိုး တန် ပစ္စည်းများအား မွှေနှောက်ခိုးယူသည့်အပြင် စာသင်ကျောင်းအတွင်းမှ ကျောင်းအသုံးအဆောင် ပစ္စည်းများအား ဖျက်ဆီးပြီး ကျောင်းသားကျောင်းသူများအတွက် လေကြောင်းအန္တရာယ်မှ အရေးပေါ် ရှောင်တိမ်းနိုင်ရန် ပြုလုပ်ထားသည့် ဗုံးခိုကျင်းများကိုလည်း ဖျက်ဆီးသွားကြောင်းသိရသည်။

ယခုအခါ စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း-၃၆၁ သည် ကန့်ဘလူ၆၀၀၆အမြှောက်တပ်ရင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး၊ဆူးတပ်ရွာအား အကြမ်းဖက်မီးရှို့ပြီးထွက်ခွါသွားသော စစ်‌ကောင်စီ လက် အောက်ခံခြေမြန်တပ်ရင်း-၃၆၈ စစ်ကြောင်းသည် ယနေ့မနက် ၉ နာရီ ၄၀ မိနစ်တွင် ဖုတ်ကုန်းရွာသို့ ပစ်ခတ်ကာ ဝင်ရောက်သွားကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s