ကေအန်ယူနယ်မြေတွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသဖြင့် ရွာသား ၈၀၀ ခန့် ထွက်ပြေးနေ

ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်မှုတွေကြောင့် ဒေသခံ ၈၀၀ လောက် ကြောက်လန့်ပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူ ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၆ ရက်က ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ-၃၊ မူးမြို့နယ်ထဲက တမာခေါကျေးရွာနဲ့ တောင်စု (အနောက်) ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အပြစ်မဲ့ အရပ် သားပြည်သူ ၂ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပြည်သူ ၂ ယောက်ကတော့ အသက် ၄၀ အရွယ် တမာခေါရွာသား စောပူးလူနဲ့ အသက် ၇၀ အရွယ် တောင်စု (အနောက်) ရွာသား စောဝါးထူးတို့ဖြစ်ကြပြီး မေ ၁၇ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒေသခံပြည်သူတွေ ကြောက်လန့်ကာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ ကျေး ရွာ ၂ ရွာပေါင်း လူဦးရေ ၇၉၀ အထိ ရှိလာနေပြီလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေ ပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကေအန်ယူနယ်မြေထဲမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) တို့ကြား တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နောက်ဆုံးထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s