ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – kurdaf ထံမှ သိရသည်။

မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေး ရွာအတွင်းရှိ အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ခင်ဦးမြို့နယ် ကံသစ်ကျေးရွာကို ရွှေဘိုဘက်ကနေ လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ခွေး စစ်​ကြောင်းက မီးရှို့နေပါတာ အနီးနားက ​နှောကုန်း၊ မောက်ပြည့်၊ ဂွေးကုန်း ကံသစ်၊ မြစ်တော် စတဲ့ ကျေးရွာတွေက ဒေသ ပြည်သူ ၁၈၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s