ထားဝယ်အထူး စီးပွားရေးဇုန်ရှိ စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူး စီးပွားရေးဇုန်ရှိ စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း ၁ ထံမှ သိရသည်။

မေလ ၁၄ ရက်​နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ် အထူး စီးပွားရေးဇုန်အတွင်း ကင်းဗာကျင်းများတူး၍ ကင်းစောင့်နေသော စစ်သားများကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ထားဝယ်ခရိုင် တပ်ရင်း ၁ မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄ ကြိမ် အတွင်းစစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ ၄ ကြိမ်မြောက် တိုက်ခိုက်ချိန်၌ ဒရုန်း ၁ စီး ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း၊ ဝေဟင် တိုက်ခိုက်မှု အားကောင်းလာစေရန် အလှူရှင်များ၊ ထောက်ပို့ အဖွဲ့များ အနေဖြင့် ဒရုန်း ပြန်လည် ဝယ်ယူရန်အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းပေးရန်မေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s