နယူးဇီလန် နိုင်ငံ ရှေ့နေချုပ် အပါအဝင် အ စိုးရဝန်ကြီးများနှင့် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေး

နယူးဇီလန်နိုင်ငံတွင် ရောက်ရှိနေသည့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် နယူးဇီလန် နိုင်ငံ ရှေ့နေချုပ် အပါအဝင် အစိုး ရဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ ရှေ့နေချုပ်နှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးနှင့် တွေ့ဆုံကာ မြန်မာ့အရေးရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း နယူးဇီလန်နိုင်ငံ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးနှင့် တွေ့ဆုံပြီးမြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်က ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယင်းနေ့ ညနေပိုင်းတွင်တော့ ပြည်ထောင်စုဝန်ကြီးက အုတ်ကလန်မြို့ကို လေကြောင်းခရီးနှင့် ဆက်လက်ထွက်ခွာခဲ့ပြီး အုတ်ကလန်လေဆိပ် ဆိုက်ရောက်ဆောင်တွင် အုတ်ကလန်မြို့ရှိ မြန်မာတိုင်းရင်းသား မိသားစုများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု၀န်ကြီးက စီစဉ်ထားသည့် အစည်းအဝေးများ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင်အုတ်ကလန်မြို့ရှိ မြန်မာတိုင်းရင်းသား မိသားစုများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေး ဝန်ကြီးဌာနတို့က ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး သိလိုတာတွေကိုလည်း ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s