နိုင်ငံတစ်ဝန်း PDF များ လက်နက်ချ အလင်း ဝင်လျှင် ငွေပေးမည်ဆိုသော စစ်ကောင်စီ၏ ကြော်ငြာစာများ၊ ဆိုင်းဘုတ်များကို ရဲများက ဦးဆောင်ဝေငှ စိုက်ထူ၊ ကြော်ငြာစာ ဝေငှသည့်ရဲများ နှာခေါင်းစည်း များတပ်ထား

မြန်မာနိုင်ငံတစ်ဝန်းတွင် PDF များ လက်နက်ချ အလင်းဝင်လျှင် ငွေပေးမည်ဆိုသော စစ်ကောင်စီ၏ ကြော်ငြာစာများ၊ ဆိုင်းဘုတ်များကို ရဲများက ဦးဆောင်ဝေငှ စိုက်ထူနေကြပြီး ကြော်ငြာစာများ ဝေငှသည့်ရဲများက နှာခေါင်းစည်း များ တပ်ထား ကြောင်း သိရှိရသည်။

မေလ ၁၄ ရက်နေ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် ရဲများက နှာခေါင်းစည်းများဖြင့် PDF များကို အလင်းဝင်လျှင် ငွေပေးမည်ဆိုသော ကြော်ငြာစာများ ဝေငှခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရဲတွေက နှာခေါင်းစည်းတွေနဲ့ ။ ကိုဗစ်ကာလ လိုလို ဘာလိုလိုနဲ့ နှာခေါင်းစည်းတွေ ဝတ်ပြီး စာရွက်တွေ ဝေနေတာ။ သူတို့ကို လူတွေ မှတ်မိမှာစိုးလို့ ကြောက်နေကြပုံပဲ။ PDF တွေ အလင်းဝင်ရင် လက်နက်ပါလာရင် ငွေဆုချမယ်ဆိုတဲ့ ကြော်ငြာစာတွေ၊ လက်ကမ်းစာစောင်တွေ ဝေနေတာ။ ဝေသာ ဝေတာ လူနားမကပ်ဘူး။ အဝေးက ပစ်ပေးနေတာ” ဟု ထန်းတပင်ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်တပ်နှင့် လက်အောက်ခံဌာနဆိုင်ရာများက ပဲခူးမြို့ ဘုရားကြီးရှေ့၊ ဘုရားစျေးအရှေ့အပါအဝင် မြို့တွင်းလမ်းများတွင် PDF များ အလင်းဝင်ရန် စစ်ကောင်စီ ဖိတ်ခေါ်စာကို ဗွီနိုင်းထောင်ခြင်း၊ လမ်းသွားလမ်းလာများကို လက်ကမ်းစာစောင်များ ဝေငှကြောင်း သိရှိရသည်။

ထို့အတူ မေလ ၁၈ ရက်နေ့ နံနက်ပိုင်း ပဲခူးတိုင်း ကဝမြို့နယ် သက္ကလမြို့ လင်းရောင်ခြည်ကားဂိတ်နှင့် အရှေ့ပိုင်းတံတားတို့တွင် အကြမ်းဖက်စစ်အုပ်စုက PDFများအလင်းဝင်ရန် ဗီနိုင်းဆိုင်းဘုတ်များ လိုက်ထောင်နေကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်း၊ မြစ်ကြီးနား အပါအဝင် မြို့နယ်များတွင်လည်း စစ်ကောင်စီက PDF များ အလင်းဝင်လျှင် ဆုချမည်ဆိုသော လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ဆိုင်းဘုတ်များကို စိုက်ထူခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s