မုန်တိုင်းဒဏ်သင့် ပုဏ္ဏားကျွန်းတွင် အပျက် အစီးများကို အေအေရဲဘော်များက ရှင်းလင်းပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုလဲသွားတဲ့ သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ဖယ်ရှား ရှင်းလင်းပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သင်ပုန်းတန်းကျေးရွာ ဒေသခံတယောက်ဖြစ်တဲ့ ကိုကျော်သန်းက “မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျနော်တို့ရွာမှာ သစ်ပင်တွေ၊ လျှပ် စစ်ဓာတ်မီးတိုင်တွေ အားလုံး ပြိုလဲပျက်စီးသွားပြီး လမ်းတွေအားလုံး ပိတ်ဆို့သွားတယ်။ အဲဒါတွေကို အေအေ တပ်ဖွဲ့ဝင်တွေက ဖယ်ရှားရှင်း လင်းပေးခဲ့ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
“မုန်တိုင်းတိုက်ပြီးတာနဲ့ ရွာပျက်ကြီးလိုဖြစ်ပြီး တအိမ်နဲ့တအိမ် သွားလာဖို့ကို သစ်ပင်တွေ၊ ဓာတ်တိုင်တွေကြားထဲက တောကြီးကို ဖောက်ပြီးသွားရတာ။ အခု တပ်တော်ကရဲဘော်တွေ ရှင်းလင်းပေးလိုက်လို့ ဆိုင်ကယ်တွေ၊ ကားတွေ သွားလာလို့ အဆင်ပြေသွားတာကြောင့် အေအေ ရဲဘော်တွေကို အရမ်းကျေးဇူးတင်တယ်” လို့လည်း ပြောပါတယ်။
ရက္ခိုင့်တပ်တော် ULA/AA အနေနဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီကလည်း မြေနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာ ၃၀ ကျော်က ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့လို့ ပြည်သူတွေ အသက်အန္တရာယ်က လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ DVB